• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း
  • မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်
  • ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား
  • စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁
  • စစ်ကောင်စီထံသို့ ဆက်သွယ်ရေးအချက်အလက်များ ပေးပို့ခဲ့သည့် တယ်လီနောအား တိုင်ချက်ဖွင့်
  • ပျံ့နှံနေသော တရုတ်နှင့် TNLA တွေ့ဆုံမှု ရလဒ် အတည်မပြုနိုင်သေးဟု TNLAပြော
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကော့ကရိတ်မြို့နယ်ကစစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေ
နေ့စဉ်သတင်း

ကော့ကရိတ်မြို့နယ်ကစစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေ

thanlwinkhetBy thanlwinkhetFebruary 6, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကော့ကရိတ်မြို့နယ်ကစစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေ

**********************************

နန်းဆုပန်ခန့်

ဖေဖော်ဝါရီ ၆၊ ၂၀၂၄။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင် ဆိုင်ကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် ဆန်ဝယ်ရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု စစ် ရှောင်ကူညီသူအမျိုးသမီး ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။

၎င်းက “ ကော့ကရိတ်စစ်ရှောင်တွေက ဆန်တွေ အဓိကလိုအပ်တာ။ ကော့ကရိတ်စစ်ရှောင်တွေက များတယ်၊ သူတို့တွေက ဆန်ကို မြို့ထဲမှာဝယ်မရတော့ ဒီ မော်လမြိုင်တို့ဘက် သွားဝယ်နေရတာ။ သူတို့ဘက်က ဆန်အိတ် ကြီး ၁ အိတ်က ၂ သိန်းလောက်ရှိတယ် ” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကစပြီး ယနေ့အချိန်ထိဖြစ်ပွားနေသည့် ကော့ကရိတ်မြို့တွင်းတိုက်ပွဲများ ကြောင့် ကော့ကရိတ်မြို့ပေါ်အပါအဝင် အနီးအနားကျေးရွာက ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။

ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများသည် နေရာအတိအကျမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ် သည်ဟု ဆိုက် ၃ စစ်ရှောင်စခန်း  တာဝန်ခံ စောလားဒို့ က ဆိုသည်။

၎င်းက “ကွင်းကလေးရွာ၊ ထီးမူးထရွာရယ်၊ ဒါတွေက အရှေ့ဒေါနဘက်ခြမ်းမှာပေါ့နော်။ မဲကနယ်တို့ ဘာတို့ လည်းပါမယ်။ အနောက်ဒေါနဘက်ခြမ်းကတော့ ကော့နွဲရယ်၊ မြို့ဟောင်းရယ်၊ အံဖကြီးတို့၊ အံဖလေးတို့ အဲ့ဒါ တွေတော့အများကြီးပါပဲ။ သူတို့ကတော့ ချောင်းဖျား ( မြစ်ချောင်းဖျား ) ဘက်မှာပဲနေတာများတယ်။ အဲ့ဒီဘက် ခြမ်းမှာကျတော့ နေရာအတိအကျတော့မရှိဘူး။ သူတို့ နေလို့ရတဲ့နေရာမှာ လိုက်နေတာပေါ့။ လုံခြုံတဲ့နေရာမှာ လေ” ဟု ပြောသည်။

ယခင် ကော့ကရိတ်မြို့သို့ စစ်ဘေးတိမ်းရှောင်ခဲ့သည့် မြဝတီမြို့အနီး၊ မဲကနယ်ကျေးရွာက ဒေသခံများသည်လည်း လက်ရှိအချိန်တွင် ချောင်းဖျား၊ မြစ်ဖျားနေရာများသို့ ထပ်မံ စစ်ဘေးတိမ်းရှောင်နေကြရသည်။

လမ်းခရီးအခက်အခဲများရှိသည့်အတွက် ကော့ကရိတ်စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာ ရှိသည်ဟု စစ်ရှောင်ကူညီသူအမျိုးသမီး ၁ ဦးက ပြောသည်။

၎င်းက “ အခုရက်ပိုင်း ကော့ကရိတ်စစ်ရှောင်တွေဆီသွားဖို့တော့ရှိတယ်။ သွားရင်တော့ ဒီအတိုင်း ရိက္ခာနည်းနည်း နဲ့မသွားချင်ဘူးလေ။ ဆန်အိတ် ၃၀ လောက်တော့ယူသွားချင်တယ်။ ဒါပေမယ့် ဆန်အိတ်ကမပြည့်သေးဘူး။ အလှူရှင်တွေကလည်း နည်းလာတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မြဝတီမြို့အနီးရှိ မဲကနယ်ကျေးရွာကဒေသခံများ ကော့ကရိတ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူများရှိသလို ထိုင်း – ကရင် နယ်စပ်ရှိ စစ်ရှောင်စခန်းများဖြစ်သော သေ့ဘောဘိုးနှင့် ပလောတပို့သို့ ထွက်ပြေးတိမ်းရှောင်လာသူများလည်းရှိသည်။

သေ့ဘောဘိုးစစ်ရှောင်စခန်း၌ လူဦးရေ ၂၂၄ ဦး ရှိပြီး ယင်းအထဲ မဲကနယ်ဒေသခံ ၁၃၂ ဦးနေထိုင်လျက်ရှိကာ ၎င်း တို့အတွက် ဆန်လိုအပ်နေသည် ဟု သေ့ဘောဘိုးကျေးရွာဥက္ကဋ္ဌက သံလွင်ခက် သတင်းဌာနကို ပြောသည်။

“ အဓိကကျတော့ ဒီ…စားစရာတွေပေါ့နော်။ စားစရာတွေဆိုတာက အရေးကြီးတာပေါ့။ ဒီလမှာဆို သူတို့အတွက် ဘာမှမလာတော့ဘူးလေ။ ၁ အိမ်ထောင်ဆိုရင် ၁၅ ကီလို ဆန်အိတ် ၁ အိတ်လောက်ပဲရတော့တယ်လေ။ အရေး ကြီးတာကတော့ စားစရာပေါ့နော်။ ကျန်တာကတော့ သိပ်တော့မလိုဘူး၊ အလှူရှင်တွေက တစ်ဦးတစ်လေ လောက်ပဲလာတာ ၅ လ လောက်ရှိနေပါပြီ ” ဟု သေ့ဘောဘိုးကျေးရွာဥက္ကဋ္ဌ က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်တွင် ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့ရာ လက်ရှိမှာတော့ ကော့ကရိတ်မြို့တွင်းအထိပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဓါတ်ပုံ – CJ

ပုံစာ – သေ့ဘောဘိုးစခန်းရှိ စစ်ရှောင်များ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3253

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7516

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဖျက်သိမ်းကြောင်းကြေညာထားသည့် အဖွဲ့အစည်းများကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု NUG အလုပ်သမားဝန်ကြီးဆို
Next Article ရှမ်း/တောင်ကျောင်းသားများကို အခြားဒေသများတွင် စာမေးပွဲဖြေဆိုခွင့်ပြုထား
thanlwinkhet
  • Website

Related Posts

စစ်ကောင်စီထံသို့ ဆက်သွယ်ရေးအချက်အလက်များ ပေးပို့ခဲ့သည့် တယ်လီနောအား တိုင်ချက်ဖွင့်

August 29, 2025

မြောက်ဦး ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးထိရှိလာ

August 28, 2025

နယ်စပ်လမ်းကြောင်းများ ပိတ်လိုက်ပြီးနောက် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာ

August 27, 2025

Leave A Reply Cancel Reply

Recent Posts

  • နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း
  • မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်
  • ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား
  • စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း

မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်

ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း

September 1, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း

August 31, 2025

မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်

August 30, 2025

ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား

August 29, 2025

စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ

August 29, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁

August 29, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.