• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဆီဆိုင်မြို့ကို စစ်ကောင်စီ အလုံးစုံဖျက်ဆီးနေ
တိုက်ပွဲသတင်း

ဆီဆိုင်မြို့ကို စစ်ကောင်စီ အလုံးစုံဖျက်ဆီးနေ

thanlwinkhetBy thanlwinkhetFebruary 6, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith
ဖေဖော်ဝါရီ ၆ ၊ ၂၀၂၄ ။
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသရှိ ဆီဆိုင်မြို့ကို စစ်ကောင်စီက အလုံးစုံပျက်စီးသွားစေရန် လေကြောင်းမှ ဗုံးကြဲခြင်း ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့တွင် သတင်းထုတ်ပြန်သည် ။
ဆီဆိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်မှ ၂၆ ရက်ထိ စစ်ကောင်စီတပ်၊ PNO/PNA ပြည်သူ့စစ်များနှင့် PNLA မဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆီဆိုင်မြို့ကို ထိန်းချူပ်နိုင်ခဲ့သည်ဟု PNLAက ထုတ်ပြန်ခဲ့သည်။
ထို့နောက်စစ်ကောင်စီက ဆီဆိုင်မြို့အတွင်းသို့ စစ်ကြောင်းပြန်ထိုးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်။
” စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးရသည့်မြို့များ ၊ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေးသဘောထားဖြင့် ပအိုဝ်းကျေးရွာများ ၊ မြို့များကို ဖျက်ဆီးနေခြင်းဖြစ်သည်” ဟု PNLA က ထုတ်ပြန်သည်။
စစ်ကောင်စီသည် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရက်များတွင်လည်း ဆီဆိုင်မြို့ပေါ်ကို လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများဆက်တိုက်ပြုလုပ်နေသည်ဟုဒေသခံများထံမှသိရသည် ။
ဖေဖော်ဝါရီ ၂ရက်တွင် မြေပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် သထုံႏပေႏ(ဆီဆိုင်)မြို့ကို လက်နက်ကြီးများ ၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှုများကို တနေကုန်ပြုလုပ်သောကြောင့် မြို့ဂုဏ်ဆောင်ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦး အချို့ပျက်စီးခဲ့ရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၄ရက်တွင်လည်း စစ်ကောင်စီနှင့်ပူးပေါင်းတပ်များသည် ဆီဆိုင်မြို့အတွင်းရှိ ဟိုခဲဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးများ ဒရုန်းဗုံးများဖြင့် ဆက်လက်ပစ်ခတ်ဖျက်ဆီးခဲ့သည်။
“လက်ရှိပအိုဝ်းဒေသမှာလည်း ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ပါတယ်လို့ ပြောပေမယ့်လည်း တော်လှန်ရေးရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲမဖြစ်/မရှိဘဲ မြို့ထဲ ရွာထဲကို လက်နက်ကြီးနဲ့ ထု၊ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဆီဆိုင်မြို့က ဘုရားကျောင်းကန်၊ စေတီပုထိုးတွေ ပျက်ဆီးတာမျိုးတွေကို တွေ့ရပါတယ်။ ဒီလိုဖြစ်စဉ်မျိုးက မြန်မာနိုင်ငံအနှံ့မှာဖြစ်နေတာပါ၊၊ လက်ရှိပအိုဝ်းဒေသမှာ မျက်မြင်ကိုယ်တွေ့ဖြစ်လာပြီ ၊၊ ကျနော့်အနေနဲ့ ပြောရရင် တော်တော်လေး စိုးရိမ်မိပါတယ်”ဟု ပင်လောင်းမြို့နယ်မှ ပအိုဝ်းတော်လှန်ရေးလူငယ် ခွန်မွန်ဗန်က ပြောသည် ။
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၏ဖျက်ဆီးမှုများကြောင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သည်ဟု PNLA က ထုတ်ပြန်ထားသည် ။
ထို့ပြင် ဒေသခံပြည်သူတချို့ ထိခိုက်မှုများရှိနေပြီးဖေဖော်ဝါရီ ၅ ရက်တွင်လည်း အသက် ၅၀ နှစ်အရွယ် နောင်အယ်ရွာသား ခွန်ဘဩကို ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့သည်။
” မြို့ရွာလူနေအိမ်တွေကို လေယာဉ်နဲ အဆမတန် ဗုံးကြဲခြင်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းများ ပြုလုပ်သည့်အတွက်ကြောင့် ပြည်သူလုံခြုံမှုကို ထိခိုက်ခဲ့ရတယ် ။
ဒီစစ်ပွဲကြောင့် ဆီဆိုင်မြို့နယ်က ကယားပြည်နယ်မှ ရောက်ရှိလာတဲ့ လူဦးရေ နှစ်သောင်းကျော်အပါအဝင် လူဦးရေ အနည်းဆုံးငါးသောင်းက စစ်ဘေးရှောင်ကြရပါတယ်။ စစ်တပ်ဖက်က လေယာဉ်ဗုံးကြဲခြင်း လက်နက်ကြီးပစ်ခြင်းမပြုပါက စစ်ရှောင်စရာမလိုပါဘူး ” ဟု PNLA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည် ။
ဆီဆိုင်မြို့တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်း ၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည့်အပြင် ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် မြို့အတွင်းသို့ ပြန်မဝင်ကြသေးရန် PNLAက သတိပေးထားသည်။
ပုံစာ- ဖေဖော်ဝါရီ ၂ရက်တွက် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့၏ မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦး အချို့ပျက်စီးခဲ့ရမှု ။
*****
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2797
YouTube – >https://youtu.be/EmAoZr41MUg
Website – > https://thanlwinkhet.net/?p=6714

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနဂါးတွင်းကျေးရွာကို စစ်ကောင်စီက ထပ်မံမီးရှို့
Next Article NUG လက်ပိုက်ကြည့်မနေရန် ကရင်နီအစိုးရအလေးအနက်ထားတောင်းဆို
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.