• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»နဂါးတွင်းကျေးရွာကို စစ်ကောင်စီက ထပ်မံမီးရှို့
တိုက်ပွဲသတင်း

နဂါးတွင်းကျေးရွာကို စစ်ကောင်စီက ထပ်မံမီးရှို့

thanlwinkhetBy thanlwinkhetFebruary 5, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နဂါးတွင်းကျေးရွာကို စစ်ကောင်စီက ထပ်မံမီးရှို့

*********************

သဇင်

ဖေဖော်ဝါရီ ၅ ၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာရှိနေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ ယခုအကြိမ်မီးရှို့ခြင်းသည် တတိယအကြိမ်မြောက် မီးရှို့ခံရခြင်း ဖြစ် သည်ဟု ဒေသခံများထံကသိရသည်။

ဖေဖော်ဝါရီလ ၂ ရက်ကစ၍ မုံရွာမြို့၊ မအူဂိတ်ကစတင်ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ဝန်းကျင်ပါစစ်ကြောင်းသည် နဂါးတွင်းရွာညာဘက်ရှိ ညောင်လေးပင်စခန်းတွင် စခန်းချရပ်နားခဲ့ပြီး ဖေဖော်ဝါ ရီလ ၃ ရက်တွင် နဂါးတွင်းရွာသို့ ဝင်ရောက်လာခဲ့ကြသည်။

ယင်းစစ်ကြောင်း နဂါးတွင်းရွာထဲဝင်ရောက်လာချိန်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အချိန် ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရွာတောင်ပိုင်းရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လေဖြတ်နေသည့် အဖွားအို ၁ ဦးကို လည်း မီးရှို့သတ်ဖြတ်သွားသည်ဟု အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသမီး ၁ ဦးက သံလွင်ခက် ကို ပြော သည်။

“တိုက်ပွဲဖြစ်ပြီးနောက် ညနေ ၃ နာရီလောက်မှာ ရွာတောင်ပိုင်းက နေအိမ်အကုန်လုံးကို မီးရှို့သွားတယ်။ အဲ့ဒီ ထဲမှာ လေဖြတ်နေလို့ မခေါ်သွားနိုင် မပြေးနိုင်တဲ့ အဖွားအို ၁ ဦးကို မီးထဲမှာ အရှင်လတ်လတ်မီးရှို့ခဲ့တာ” ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းစတင်ဝင်ရောက်ချိန်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် အတွက် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရွာထဲရှိဒေသခံများပုန်းရှောင်နိုင်ခဲ့ပြီး ဖမ်းဆီးခံရခြင်းမျိုးမရှိခဲ့ ဟု ၎င်းက ဆက်ပြောသည်။

နဂါးတွင်းရွာကို စစ်ကောင်စီတပ်များက  ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်၌  နေအိမ် ၁၆ လုံးကိုလည်း ကောင်း၊ ၂၀၂၂ ခုနှစ်လ နိုဝင်ဘာ ၃ ရက်တွင် နေအိမ် ၂၇ လုံးကိုလည်း ၊ ယခုဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေအိမ် ၁၀၀ ကျော်ကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့သည်။

လက်ရှိတွင် နဂါးတွင်းရွာအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာဒေသခံများက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ဒေသခံအချို့  ရွာထဲပြန်လည်ဝင်ရောက်နေထိုင်နေပြီဟု သိရသည်။

Monywa Revolution Force – MRF တာဝန်ခံ မီးပွား က “စခတွေနဲ့ ပျူစောထီးတွေရဲ့ သွေးကွက်တွေ၊ ဦးနှောက်လို့ယူဆရတဲ့အရာတစ်ခု၊ ကျောပိုးအိတ်၊ စခ အီကွေးမန့်တစ်ခု နဲ့ တိုက်ပွဲအတွင်း ထွက်ပြေးရင်းကျကျန် ခဲ့တဲ့ ကျည်ဘောက်တွေ၊ ကျည်ဆံတွေကို နယ်မြေရှင်းလင်းရေးလုပ်ရင်းရရှိခဲ့ပါတယ်” ဟုဆိုသည်။

အချိန် ၃ နာရီကြာဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီမအူစစ်ဆေးရေးဂိတ်က ၈၁ မမ ၊ ၁၂၀ မမလက်နက်ကြီးများဖြင့် တိုက်ပွဲ ဖြစ် ပွားရာနေရာကို ၂၄ လုံးခန့် ပစ်ကူပေးခဲ့သည့်အတွက် ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

နဂါးတွင်းရွာတွင် အိမ်ခြေ ၈၀၀ ၊ လူဦးရေ ၃၀,၀၀ကျော် ရှိပြီး စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးထားသည်။

ဓာတ်ပုံ – CJ။

ပုံစာ – ဖေဖော်ဝါရီ ၃ ရက်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နဂါးတွင်းရွာရှိ နေအိမ်များမြင်ကွင်း။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3239

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7494

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဘာသာရေးအ​ဆောက်အဦးများ ဖျက်ဆီးခံနေရမှုအပေါ် ပအိုဝ်းများဘယ်လိုတုံ့ပြန်မလဲ
Next Article ဆီဆိုင်မြို့ကို စစ်ကောင်စီ အလုံးစုံဖျက်ဆီးနေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.