ရေးမြို့နယ်က စစ်ကောင်စီကြိုးတံတားဂိတ်စခန်း သိမ်းပိုက်ခံရ
*******************************
သံလွင်ခက်
ဇန်နဝါရီ ၂၂ ၊ ၂၀၂၄။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ကြိုးတံတားဂိတ်စခန်းကို ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက ဇန်နဝါရီလ ၂၀ ရက်၊ နံနက် ၇ နာရီ ၄၃ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင်ထုတ်ပြန်သည်။
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၃၊ ဗျုဟာ ၃၃ ၏ကွပ်ကဲမှုဖြင့် မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ ဒေါနစစ် ကြောင်း၊ ရေးပြောက်ကျားတပ် – YGF၊ ABSDF တပ်ရင်း -၁ ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း – MSRO ၊ Ye Defence Force – YDF နှင့် ရေးသိမ်းငှက်တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၆၀ မမ မော်တာ ၂ လက် အပါအဝင် လက်နက်ငယ်များနှင့် ခဲယမ်းပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
ဓာတ်ပုံ – မွန်ပြည်တော်လှန်ရေးတပ်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3115
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7204