• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကလေး ၅ ဦးမိခင် PDF တပ်သားအား KIA က တပ်ကြပ်ကြီးရာထူးတိုးမြှင့်ပေး
နေ့စဉ်သတင်း

ကလေး ၅ ဦးမိခင် PDF တပ်သားအား KIA က တပ်ကြပ်ကြီးရာထူးတိုးမြှင့်ပေး

thanlwinkhetBy thanlwinkhetJanuary 23, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကလေး ၅ ဦးမိခင် PDF တပ်သားအား KIA က တပ်ကြပ်ကြီးရာထူးတိုးမြှင့်ပေး

****************

သံလွင်ခက်

ဇန်နဝါရီ ၂၃၊ ၂၀၂၄။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ၌ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သည့် PDF အမျိုးသမီးတပ်သား မစု အား ကချင်လွတ်မြောက်ရေးတပ်မတော် – KIA က တပ်ကြပ်ကြီးရာထူး တိုးမြှင့်ခန့် အပ်ခဲ့သည်။

ကချင်အမည် ဂျန်မော်ခေါန်ရှောင် ဟုခေါ်သည့် မစုသည် KIA လက်အောက်ခံ KPDF တပ်ဖွဲ့ဝင် ၁ ဦးဖြစ်ပြီး ၎င်းအား တပ်ကြပ်ကြီးရာထူးတိုးမြှင့်ခန့်အပ်ခဲ့သည်ကို ယမန်နေ့တွင် KIA ၏ သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ် သည့် The Kachin Net က ကချင်ဘာသာဖြင့် ဖော်ပြခဲ့သည်။

အဆိုပါ ဆုချီးမြှင့်ပွဲ၌ ကချင်လွတ်မြောက်ရေးတပ် KIA ၏ တပ်မဟာ အမှတ် (၉)ကနေ မစုကို တပ်ကြပ်ကြီး ရာထူးခန့်အပ်ခဲ့ပြီး ဥရုခရိုင်အုပ်ချုပ်ရေးကော်မတီကလည်း ရွှေဆွဲကြိုး၊ ငွေသားနှင့်အခြားပစ္စည်းများ ချီးမြှင့်ခဲ့သည် ဟု သိရသည်။

စစ်ကောင်စီတပ်က အာဏာမသိမ်းမီကာလများတွင် PDF အမျိုးသမီးရဲမေ မစု သည် နေအိမ်၌အဝတ်အထည်ချုပ် လုပ်ငန်းလုပ်ကိုင်ပြီး သား၊ သမီး ၅ ယောက်ကို ကျွေးမွေးစောင့်ရှောင်နေသည့် မိခင် ၁ ဦးဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းကာလမှာတော့ PDF တပ်ဖွဲ့ဝင်ဖြစ်လာသည့် မစု သည် ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာတိုက်ပွဲ တွင် ရဲရဲရင့်ရင့် ပါဝင်တိုက်ခိုက်ခဲ့သည်။

ဝှေခါရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် PDF ပူးပေါင်းတပ်များက ဇန်နဝါရီလပထမအပတ်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း၊ ခလရ – ၄၂ ဗျူဟာ စခန်း ကုန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဓာတ်ပုံ- The Kachin Net

*****************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3116

YouTube – > https://youtu.be/cZ9bsHWX2EU

Website – > https://thanlwinkhet.net/?p=5746&mibextid=xfxF2i

Author

  • thanlwinkhet
    thanlwinkhet
    View all posts
Share. Facebook Twitter WhatsApp
Previous Articleရေးမြို့နယ်က စစ်ကောင်စီကြိုးတံတားဂိတ်စခန်း သိမ်းပိုက်ခံရ
Next Article မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် KIA နှင့်အတူ AA ပူးပေါင်းပါဝင်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.