• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»TNLA က နမ့်ခမ်းမြို့ရှိ ပြည်သူလူထုများနှင့်တွေ့ဆုံကာ အုပ်ချုပ်ရေးဖော်ဆောင်မည့်ကိစ္စပြောဆို
နေ့စဉ်သတင်း

TNLA က နမ့်ခမ်းမြို့ရှိ ပြည်သူလူထုများနှင့်တွေ့ဆုံကာ အုပ်ချုပ်ရေးဖော်ဆောင်မည့်ကိစ္စပြောဆို

thanlwinkhetBy thanlwinkhetJanuary 17, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

TNLA က နမ့်ခမ်းမြို့ရှိ ပြည်သူလူထုများနှင့်တွေ့ဆုံကာ အုပ်ချုပ်ရေးဖော်ဆောင်မည့်ကိစ္စပြောဆို

********************

ယမင်းဖူးပွင့်အောင်

ဇန်နဝါရီ ၁၇ ၊ ၂၀၂၄။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က သိမ်းပိုက်ထားသည့် ဒေသများတွင် အုပ်ချုပ်ရေးယန္တရားများဖော်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု TNLA တပ်ဖွဲ့ဝင်များထံက သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့၊ နမ္မတူမြို့၊  မိုင်းငေါ့မြို့နှင့် ကွတ်ခိုင်မြို့ စသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်း ၇ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သည့် နမ့်ခမ်းမြို့ကို ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းတွင် ပလောင်လွတ် မြောက်ရေးတပ်ဦး PSLF/TNLA ၏ တွဲဘက်အတွင်းရေးမှူး – ၁ ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူးဗိုလ်မှူးကြီး တားဂူဇား တို့ သွားရောက်ကြည့်ရှုခဲ့ကြသည်ဟု PSLF\TNLA က ထုတ်ပြန်ထားသည်။

“အဓိက လူကြီးက ရပ်ရွာမှာ ပြည်သူလူထုနဲ့တွေ့ဆုံတယ်။ အုပ်ချူပ်ရေးယန္တရားတွေဖော်ဆောင်နေတဲ့အကြောင်း ကို ပြောပြတာဖြစ်တယ်” ဟု TNLA ပြောရေးဆိုခွင့်ရုံး တာဝန်ခံ အမျိုးသမီး ၁ ဦးက သံလွင်ခက် ကိုပြောသည်။

TNLA သည် နမ့်ခမ်းမြို့ကို ရက်ပေါင်း ၃၁ ရက်ကြာ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးကျန်ရှိနေသည့် စစ် ကောင်စီ၏ စခန်းသစ်ကုန်းကို ဒီဇင်ဘာလ ၁၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နမ့်ခမ်းတစ်မြို့လုံးကို အပြည့် အဝ ထိန်းချူပ်နိုင်ခဲ့ခြင်းဖြစ်သည်။

TNLA သည် မြို့ပေါင်း ၇ မြို့ကို ဆက်တိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကျန်ရှိသည့်မြို့များနှင့် စစ်ရေးပစ်မှတ်များကို ဆက်လက်သိမ်းပိုက်မည်ဟု ကြေညာထားခဲ့သော်လည်း စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို  ရှောင်လွှဲမရ သည့်အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၁၃ ရက်၊ ည ၁၂ နာရီ အချိန်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် TNLA က သိမ်းပိုက်ထားသည့်မြို့များတွင် အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ရန် ဆောင်ရွက် နေပြီး အခြေအနေအသေးစိတ်ကို လုံခြုံရေးအရ ပြောပြနိုင်ခြင်းမရှိသေးဟု တာဝန်ခံက ဆက်ပြောသည်။

“သိမ်းထားတဲ့မြို့ ၇ မြို့ကို အုပ်ချုပ်ရေးယန္တရားတွေအကောင်အထည်ဖော်ဖို့ စတင်ပြင်ဆင်နေတဲ့အနေအထားပဲ ရှိပါသေးတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ ပြည်သူလူထုရဲ့လုံခြုံရေးကို သတိထားပြီး ဆောင်ရွက်နေ တယ်” ဟုဆိုသည်။

စစ်ကောင်စီသည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးကို ပေါ်ပေါ်တင်တင်ချိုးဖောက်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ TNLA တပ်စခန်းနှင့် တအာင်းနယ်မြေများကို လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ – PSLF \ TNLA

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3045

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=7091

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် ကွယ်လွန်
Next Article စေတီပုထိုးများရှိရာ လက်ခတ်တောင်ကို စစ်ကောင်စီကထပ်မံဗုံးကြဲ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.