စစ်ကောင်စီ၏ရှုံးနိမ့်မှုများကြောင့် အိန္ဒိယ-မြန်မာပေါ်လစီပြောင်းလဲရန် အိန္ဒိယစဥ်းစားနေ
*****************************
သံလွင်ခက်
ဇန်နဝါရီ ၁၇ ၊ ၂၀၂၄။
အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောမြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိန်း ချုပ်နယ်မြေများ တဖြည်းဖြည်းဆုံးရှုံးလာနေသည့်အတွက် မြန်မာနိုင်ငံနှင့်ပတ်သက်သော အိန္ဒိယပေါ်လစီအပေါ် ဝေဖန်ထောက်ပြမှုများရှိလာသဖြင့် အိန္ဒိယအစိုးရက အိန္ဒိယ – မြန်မာပေါ်လစီကို ပြောင်းလဲဖို့စဥ်းစားနေသည်ဟု သိရသည်။
အိန္ဒိယအရှေ့မြောက်ဘက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံနယ်စပ်ပြည်နယ်များတွင်နေထိုင်ကြ သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံသည် နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ်များကို ဝင်ရောက်လာ ကြသဖြင့် အိန္ဒိယအစိုးရကလည်း သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုများနှင့်ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ခြင်းအပါအဝင် အခြားရွေးချယ်စရာအမျိုးမျိုးကိုလည်း ပုံဖော်နေသည်။
ချင်း၊ ကချင်၊ ရခိုင်နှင့် စစ်ကိုင်းတိုင်းတို့သည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသဖြင့် အိန္ဒိယ – မြန်မာ နယ် စပ်တည်ငြိမ်ရေးတွင် အဆိုပါဒေသများ တည်ငြိမ်အေးချမ်းနေဖို့ မရှိမဖြစ်လိုအပ်သလို အဆိုပါဒေသများရှိ တိုင်း ရင်းသားအဖွဲ့အစည်းများနှင့်သာ အိန္ဒိယအစိုးရက ဆက်ဆံရေးထူထောင်နိုင်ခဲ့မည်ဆိုလျှင် နယ်စပ်ဖြတ်ကျော်ဝင် ရောက်မှု၊ လက်နက်မှောင်ခိုမှုစသည်တို့ကို အိန္ဒိယကဆောင်ရွက်နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများကဆိုသည်။
အိန္ဒိယသည် လက်ရှိအချိန်တွင် အနောက်နိုင်ငံများ၏ဖိအားကြောင့်မဟုတ်ဘဲ အိန္ဒိယ၏မဟာဗျူဟာမြောက် အကျိုးစီးပွားကြောင့် အာဏာသိမ်းယူထားသည့်စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေသည်။
နယူးဒေလီသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို လိုက်နာခြင်းမရှိသလို မြန်မာနိုင်ငံ က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကိုလည်း ကျောထောက်နောက်ခံပေးခဲ့သည်မျိုးမရှိခဲ့သော်လည်း မြန် မာနိုင်ငံသည် အိန္ဒိယအတွက် အရှေ့တောင်အာရှဂိတ်ပေါက်အဖြစ် အရေးကြီးပါသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် တရုတ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်းတို့ထိန်းချုပ်နယ်မြေများ စွန့်လွှတ်လိုက်ရပြီး မြောက်ပိုင်းညီနောင်မဟာမိတ်ထံ ပေးအပ်ခဲ့ရသည်။
သိပ်မကြာသေးခင်ကပင် မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရန် တရုတ် နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည်။
ရှမ်းမြောက်တွင်ဖြစ်ပွားခဲ့သောစစ်ပွဲများသည် တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်သာမက ဘေဂျင်း၏ BRI (ရပ်ဝန်းနှင့် ပိုးလမ်းမ)စီမံကိန်းအပေါ်လည်း များစွာသက်ရောက်မှုရှိသည်။
Ref: The Economic Times
ဓာတ်ပုံ – AFP
ပုံစာ – ၂၀၂၁ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်ကိုထွက်ပြေးလာခဲ့ကြသည့် မြန်မာဒုက္ခသည်များ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3038
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7079