စစ်ကောင်စီတင့်ကား နှင့် သံချပ်ကာကားများကို KNLA ဖျက်ဆီး
*************************
နန်းဆုပန်ခန့်
ဇန်နဝါရီလ ၁၇ ၊ ၂၀၂၄ ။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ ၃ ၊ မူး မြို့နယ် အုပ်ချုပ်နယ်မြေတွင် ပဲနွယ်ကုန်းမြို့မှနတ်သံကွင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ တင့်ကား နှင့် သံချပ်ကာယာဉ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဖျက် ဆီးနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီယာဥ်တန်းသွားရာလမ်းတလျှောက်တွင် KNLA က တင့်ဖျက်မိုင်းများထောင်ထားသည့်အတွက် ဇန်နဝါ ရီလ ၄ ၊ ၅၊ ၆ ရက်များတွင် တင့်ဖျက်မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပြီး တင့်ကား ၂ နှင့် သံချပ်ကာကား ၁ စီး ပျက်စီးခဲ့ သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရသိရ သည်။
ပျက်စီးသွားသည့် သံချပ်ကာကား ၂ စီးကို ပဲနွယ်ကုန်းမြို့သို့ ကရိန်းကားများဖြင့် ပြန်ဆွဲယူသွားခဲ့ပြီး နတ်သံကွင်း မြို့၊ ညောင်ဝိုင်းကျေးရွာအနီးတွင်လည်း တင့်ကားပျက် ၁ စီးရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိခဲ့ရသည် ဟု ထုတ်ပြန်ချက်ကဆိုသည်။
လက်ရှိအချိန်တွင် ကော်သူးလေအုပ်ချုပ်နယ်မြေ ခရိုင် ၇ ခရိုင်အတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ တပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဦးဆောင်တိုက်ခိုက်နေသော်လည်း လုံခြုံရေး အရ စစ်ရေး ဆိုင်ရာသတင်းအချက်အလက်များ အချိန်နှင့်တပြေးညီမထုတ်ပြန်သည်ကို ပြည်သူလူထုအား အသိပေးအပ်ပါသည်ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားချက်အရ သိရသည်။
ဓာတ်ပုံ – ကေအဲန်ယူ
ပုံစာ – ထိခိုက်ပျက်စီးသွားသည့် စစ်ကောင်စီတင့်ကား ၁ စီး။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3042
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7084