• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မြောက်ပိုင်းညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီ ကူမင်းဆွေးနွေးပွဲအဖြေမထွက်
တိုက်ပွဲသတင်း

မြောက်ပိုင်းညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီ ကူမင်းဆွေးနွေးပွဲအဖြေမထွက်

thanlwinkhetBy thanlwinkhetJanuary 11, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith

ဇန်နဝါရီ ၁၁ ၊ ၂၀၂၄ ။

ဆွေးနွေးပွဲအဖြေမထွက်ခဲ့သည့်အပြင် ဆွေးနွေးမှုများပြီးဆုံးပြီးနောက် ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီက  လားရှိုးမြို့နယ်ရှိကျေးရွာများကို လေယာဥ်ဖြင့် ဗုံး  ၂၇ လုံးကြဲချခဲ့ပြီး လက်နက်ကြီးဖြင့် ၂၄ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးပြင်းထန်နေသည့်အခြေအနေများနှင့်ပတ်သက်၍ တရုတ်၏ ကြားဝင်ညှိနှိုင်း ပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ယခုလ ဇန်နဝါရီ ၇၊ ၈ နှင့် ၉ ရက်တို့၌ တရုတ် နိုင်ငံ၊ ကူမင်းမြို့တွင် ဆွေးနွေးခဲ့ကြသည် ။

၃ ရက်ကြာမြင့်ခဲ့သောအဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီမှုအဖြေများမရရှိခဲ့ဟု ရက္ခိုင့်တပ်တော် – AA နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်က သံလွင်ခက်ကို ပြောသည်။

ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နှင့်နီးစပ်သည့် လားရှိုးဒေသခံ အမျိုးသား ၁ ဦး ကလည်း ” အဖြေမထွက်ဘူးဆိုတာထက် မပြတ်သေးဘူး ။ မပြီးသေးဘူး ဆိုတာမျိုးကြားရတယ် ” ဟု ပြောသည် ။

ကူမင်းမြို့ဆွေးနွေးပွဲတွင် စစ်ရေးအရေးနိမ့်မှုများနှင့်ကြုံနေရသည်တိုင် စစ်ကောင်စီဘက်က အလျော့ပေး ဆွေး နွေးခဲ့သည်မျိုးမရှိသည့်အပြင် ညီနောင်မဟာမိတ်တပ်များ လက်ရှိသိမ်းပိုက်ထားသည့် မြို့တချို့ကို ပြန်ပေးရန်၊ လက်နက်ချရန်နှင့် စစ်တပ်အောက်၌သာနေရန် အထိတောင်းဆိုမှုများရှိခဲ့သည်ဟု သိရသည်။

” ဒီအချိန်မှာ နှစ်ဖက်လုံးက တောင်းဆိုမှုတွေက များမယ်လို့ ထင်တာပဲ ။ EAOs တွေက သူတို့သိမ်းထားတဲ့နေရာ တွေကို လက်လွတ်ချင်မှာ မဟုတ်ဘူးပေါ့နော်။ ပိုတောင်းရင်သာ တောင်းမှာပေါ့ “ဟု ရှမ်းမြောက်စစ်ဆင်ရေးကို လေ့လာစောင့်ကြည့်နေသည့် စစ်ရေးအကဲခက် ၁ ဦးကပြောသည် ။

နှစ်ဖက်ဆွေးနွေးမှုမပြေလည်သည့် သတင်းများထွက်ပေါ်လာမှုနှင့်အတူ ဆွေးနွေးပွဲပြီးသည့် နောက်တစ်ရက် ဇန်နဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီဘက်က လားရှိုးအပါအဝင် ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တို့တွင် ဗုံးကြဲ တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။


ယမန်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ နမ္မတူ  ၊ ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ ဘူးသီးတောင် မြို့နယ်များကို စစ်ကောင်စီတပ်များက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားများသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ် အဆောက်အအုံပျက်စီးမှုများရှိခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ယနေ့ နေ့လယ်ပိုင်း၌လည်း လားရှိုးမြို့ပေါ်တွင်  ဟောင်ဝှစ်ဇာပစ်ခတ်သံများ ၊ ရဟတ်ယာဥ်အသံများ ကြားနေရသည်ဟု လားရှိုးမြို့ခံအမျိုးသား ၁ ဦးကသံလွင်ခက်ကို ပြောသည်။

ကူမင်းမြို့ ဆွေးနွေးပွဲအခြေအနေများနှင့်ပတ်သက်၍ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က မထုတ်ပြန်သော် လည်း ၁၀၂၇ စစ်ဆင်ရေးကြီး ၇၆ ရက်မြောက်နေ့သို့ ရောက်ရှိလာသည့်တိုင် သတ်မှတ်ထားသည့် စစ်ရေး ပစ်မှတ် များအား ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။

ပုံစာ-ကူမင်းမြို့ ဆွေးနွေးပွဲ နှင့် ဆွေးနွေးပွဲ နောက်ဆုံးရက်ဖြစ်သည့် ဇန်နဝါရီလ ၉ ရက်၊ နေ့လည်ပိုင်း၌ လောက်ကိုင်မြို့ကို စစ်ကောင်စီက လောကြောင်းမှ ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ။

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/2933

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=6928

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတရုတ်ဆန့်ကျင်ခဲ့ဖူးသူများဦးဆောင်သည့် ဘာသာရေးလှုပ်ရှားမှုများ တဖန်ပေါ်ပေါက်လာ
Next Article ကရင်လူမျိုးများ မျိုးချစ်စိတ်ဓာတ်အပြင် တော်လှန်ရေးချစ်မြတ်နိုးသည့်စိတ်ဓာတ်ရှိရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.