• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်ခေါင်းဆောင်က ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီးတချိူ့ကို အပြောင်းအလဲပြုလုပ်လာပြန်
နေ့စဉ်သတင်း

စစ်ခေါင်းဆောင်က ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီးတချိူ့ကို အပြောင်းအလဲပြုလုပ်လာပြန်

thanlwinkhetBy thanlwinkhetJanuary 9, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ခေါင်းဆောင်က ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီးတချိူ့ကို အပြောင်းအလဲပြုလုပ်လာပြန်

********************************

သံလွင်ခက်

ဇန်နဝါရီ ၉ ၊ ၂၀၂၄။

အာဏာသိမ်းကာလ ၃ နှစ်နီးပါးတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် အခြားပြည်နယ်များရှိ တပ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရသော  စစ်ခေါင်းဆောင်က ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီးတချို့ကို အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။

တပ်မတော်(ရေ) ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်ကြီး မိုးအောင် ကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန – ၄  ၏ ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်ဟု ဇန်နဝါရီ ၈ ရက်တွင် စစ်ကောင်စီလက်အောက်ခံသတင်းစာများတွင် ထည့်သွင်းဖော်ပြထားသည်။

အမျိုးသားလုံခြုံရေးကိစ္စရပ်များကို ဘက်ပေါင်းစုံကလေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက်  ဗိုလ်ချုပ်ကြီး မိုးအောင် ကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီး မိုးအောင် သည်  စစ်တက္ကသိုလ် အပတ်စဉ်  ( ၂၈ ) ဆင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ်ရေ) ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာ ဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၌  ရေတပ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယခုကဲ့သို့ ရာထူးအချိန်းအပြောင်းလုပ်ခြင်းသည် ၂၀၀၃ ခုနှစ်ကစပြီး စစ်တပ်တွင်းကျင့်သုံးလာသည့် သာမာန်လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုပင်ဖြစ်သည်ဟု CDM စစ်သားများကို အကူအညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သော ‘ပြည်သူ့ပန်းတိုင်’အဖွဲ့က CDMတပ်မတော်သား ကိုနောင်ရိုးက သုံးသပ်သည်။

၎င်းက ” စစ်တပ်မှာ ပုံမှန် အချိန်းအပြောင်းရှိတယ်။ ကျွန်တော်တို့ ၆၊ ၅၊ ၄၊ ၃ လို့ခေါ်တာပေါ့နော်။ ဗိုလ်မှူးချုပ်ဆိုရင် ၆ နှစ်၊ ဗိုလ်ချုပ်ဆိုရင် ၅ နှစ်၊ ဗိုလ်ချုပ်ကြီးဆိုရင် ၃ နှစ်ပေါ့ ။ အဲ့စနစ်နဲ့ သွားတာပေါ့။ သွားတော့ ဗိုလ်ချုပ်မိုးအောင်လည်း သူ ၃ နှစ်ပြည့်တဲ့အတွက် အချိန်းအပြောင်းလုပ်တာပေါ့။ သာမန်လုပ်ရိုးလုပ်စဉ်လို့ပဲ ပြောလို့ရပါတယ်။  တခြားသက်ရောက်မှုတော့ ရှိလာမယ်မထင်ပါဘူး “ဟုဆိုသည်။

ဗိုလ်ချုပ်ကြီး မိုးအောင် အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန – ၂ ၏ ဝန်ကြီး ဦးကိုကိုလှိုင် ကိုလည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန – ၁ ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၁ ၏ ဝန် ကြီးဖြစ်သည့် ဦးအောင်နိုင်ဦး ကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၂ ၏ ပြည် ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီး တချိူ့ကို အပြောင်း အလဲပြုလုပ်ခဲ့သည့်စစ်ခေါင်းဆောင်၏ လုပ်ရပ်သည် အဆုံးအရှုံးများရင်ဆိုင်နေရစဉ် တောင်စဉ်ရေမရလုပ်ရပ်သာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

၎င်းက “  ဒီချိန်မှာ ဒီလို အပြောင်းအလဲတွေ လုပ်နေတာနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒီနေ့အချိန်ကာလမှာ သူတပ်ဖွဲ့တွေနဲ့ ကြည်းရေ၊ လေ ဘက်အသီးသီးမှာ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ တောင်စဉ်ရေမရ လျောက်လုပ်နေသလားလို့တောင် စဉ်းစားရပါတယ်။ ဦးစီးချုပ်တွေမှန်သမျှဖယ်ရှား၊ လူတွေအစားထိုး၊ အခြေအနေများ ပြန်ကောင်းလာမလားဆိုပြီးတော့ စဉ်းစားပြီးလုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ဒီထက်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း သိခွင့်လည်းမရဘူး။ နောက်ပြီး မျှော်မှန်းလို့လည်းမရတဲ့အနေထားဖြစ်တဲ့အတွက် ဒီလောက်ပဲပြောနိုင်ပါတယ် ” ဟုဆိုသည်။

အာဏာသိမ်းကာလ ၃ နှစ်နီးပါးရှိလာချိန်တွင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မြို့သိမ်းတိုက်ပွဲများ များပြားလာပြီး မြို့ပေါင်း ၂၄ မြို့ကို တော်လှန်ရေးအင်အားစုများဘက်က သိမ်းယူထားနိုင်သည်ဟု  မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ကောက်ယူထားသည့် စာရင်းများအရသိရသည်။

ပုံစာ –  ဇန်နဝါရီ ၄ ရက်တွင် ပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမြင်ကွင်း။

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/2920

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=6892

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအရပ်သားတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၆၀၀ နီးပါးရှိပြီး ပြည်သူ ၉၀၀ ဝန်းကျင်သေဆုံး
Next Article စစ်ခေါင်းဆောင်မင်းအောင်လှိုင် လားရှိုးရောက်နေပြီး ညှိနှိုင်းမှုများပြုလုပ်နေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.