အရပ်သားတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၆၀၀ နီးပါးရှိပြီး ပြည်သူ ၉၀၀ ဝန်းကျင်သေဆုံး
*******************
ကောင်းချစ်အောင်
ဇန်နဝါရီ ၉၊ ၂၀၂၄။
အရပ်သားများကိုပစ်မှတ်ထားပြီး စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၆၀၀နီးပါးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည့် ၂၀၂၃ ခုနှစ် စာရင်းအရသိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ပြနှင့်ကျေးလက်များကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၃ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ အရပ်သား ၈၉၇ ဦး ရှိခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ချက် ကဆိုသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အုံ ၇၆ လုံး နှင့် စာသင်ကျောင်း ၅၂ ကျောင်းပျက်စီးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက A5 လေယာဉ်ဖြင့် ပေါင်၂၅၀ ဗုံးသီး ၄ လုံးကြဲချခဲ့သောကြောင့် ကလေးငယ် ၉ ဦးအပါအဝင် သေဆုံးသူ ၁၇ဦးအထိရှိခဲ့ သည်။
စစ်ကောင်စီက အရပ်သားပြည်သူများကို လေကြောင်းဖြင့် ဖျက်အားပြင်းဗုံးများအသုံးပြုကာ တိုးမြှင့်သတ်ဖြတ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သက်သေ
အထောက်အထားများရရှိထားပြီး ထိရောက် သောအရေးယူမှုများဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။
ပုံစာ – တမူးမြို့နယ် ကနန်းရွာ ဗုံးကြဲခံရပြီးနောက် မြင်ကွင်း
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2919
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6889