• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်ခေါင်းဆောင်မင်းအောင်လှိုင် လားရှိုးရောက်နေပြီး ညှိနှိုင်းမှုများပြုလုပ်နေ
နေ့စဉ်သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် လားရှိုးရောက်နေပြီး ညှိနှိုင်းမှုများပြုလုပ်နေ

thanlwinkhetBy thanlwinkhetJanuary 9, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်
ဇန်နဝါရီ ၉ ၊ ၂၀၂၄ ။
 
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိနေပြီး ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများနှင့်နီးစပ်သူများ၊ ဒေသခံများထံက သိရသည်။
 
လားရှိုးသို့ရောက်ရှိနေသော စစ်ခေါင်းဆောင်သည် ယခုလ ဇန်နဝါရီ ၇ ၊ ၈ ၊ ၉ ရက်များအတွင်း ညှိနှိုင်းမှုများ တောက်လျှောက်ပြုလုပ်ခဲ့ပြီး ၎င်းရောက်ရှိနေစဥ် ရက် ပိုင်းအတွင်း လားရှိုး၌ ယခင်ရက်များထက် လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် စစ်ရေးအခြေအနေ ပိုမိုငြိမ်သက်နေသည်ဟု မြို့ခံများက ပြောသည်။
 
” မအလ က ဒီရောက်နေတယ်ဆိုတာတော့ ကြားတယ်။ အရင်အခေါက်တွေကတော့ တရုတ်မှာပဲ မီတင်လုပ်ကြတယ်။ အခုကတော့ လာရှိုးမှာပဲ လိုလို၊ ဘာလိုလိုသတင်းတွေထွက်နေတယ်။ နေရာတော့ အတိအကျမသိရဘူး။ သိပ်စိုးရိမ်စရာမရှိဘူးလို့ မန်ဆူ ဆရာတော်ပြောထားတဲ့ ဗီဒီယိုအရ ဒီအထဲမှာ ဆွေးနွေးညှိနှိုင်းတာတွေတော့ ဖြစ်ကောင်းဖြစ်နိုင်တယ် “ဟု ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်နီးစပ်သည့် အမျိုးသာ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
 
ရှမ်းဒေသခံပြည်သူအများအပြား ကိုးကွယ်ကြပြီး စစ်ဗိုလ်ချုပ်များအပါအဝင် နှစ်ဖက်တပ်များအပေါ် သြဇာသက်ရောက်သည့် လားရှိုးမြို့၊ မန်ဆူဆရာတော်ကြီးကလည်း လားရှိုးမြို့က ငြိမ်းချမ်းသွားပြီဟု မိန့်ကြားထားသည် ။
 
ယနေ့ လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တွင် ဆရာတော်ကြီးက လားရှိုးမြို့အခြေအနေနှင့်ပတ်သက်၍ အိမ်ပြန်ကြဖို့နှင့် ဘာမှမဖြစ်တော့ပါဘူးဟုလည်း မိန့်ကြားထားသည် ။
 
ထပ်မံ၍လည်း မန်ဆူဆရာတော်ကြီးက ” အားလုံး အားလုံး လူကြီးတွေလည်းပဲ နားလည်မှုပေးပြီးတော့မှ အကုန်လုံး တိုင်းသူပြည်သားလူအများတွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ကိုယ့်နေရာကိုယ်အေးအေးဆေးဆေးပြန်နိုင်အောင် ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း ကြားသိရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ရှိကြပါစေလို့ မေတ္တာပေးပို့ပါတယ် “ဟု မိန့်ကြားထားသည် ။
 
ရှမ်းမြောက်ပိုင်းတွင် ဖြစ်ပွားနေသည် တိုက်ပွဲများသည် တဖြည်းဖြည်းနှင့် လားရှိုးမြို့အနီးထိရောက်ရှိလာသောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းကလည်း လားရှိုးမြို့အခြေစိုက် UN နှင့် INGO အဖွဲ့အစည်းများ ထွက်ခွာခဲ့ကြသည်။
 
ထို့ပြင် အမျိုးမျိုးထွက်ပေါ်နေသည့် သတင်းများကြောင့် လားရှိုး၌ လာရောက်ရှောင်တိမ်းနေသူများ၊ လားရှိုးမြို့ရှိ ငွေကြေးတတ်နိုင်သူများကလည်း ကြိုတင်ရှောင်ရှားမှုများ ပြုလုပ်နေကြသည် ။
 
” အခုလအစပိုင်းကတည်းက လှုပ်လှုပ်ရှားရှား ဖြစ်နေကြတာပေါ့နော် ။ ရှောင်ကြတာက ဒီနေ့အထိ ထွက်နေကြတာရှိတယ် ။ ဒါပေမယ့် အစောပိုင်းရက်ပိုင်းနဲ့စာရင် အခုရက်ပိုင်းက နည်းနည်းပို အေးဆေးဖြစ်လာတယ်လို့ ပြောရမယ်။ လက်နက်ကြီး ပစ်တာတွေရောပေါ့ ” လားရှိုးမြို့ခံ အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည် ။
 
လားရှိုးမြို့မှ ရန်ကုန်မြို့သို့ ဇန်နဝါရီ ၇ ရက်က ဆင်းလာသည့်ဒေသခံအမျိုးသမီး ၁ ဦးကလည်း ” အခုက သူ့ ( လားရှိုး) ပတ်ပတ်လည်က အကုန်သိမ်းထားတာ ဆိုတော့ လားရှိူး လည်းရောက်လာမှာဆိုပြီးပေါ့။ ရှောင်ကြတာ။ လမ်းတွေကလည်း ခုက တောလမ်းပဲသွားရတာ။ လမ်းတွေပိတ်မှာ စိုးကြတယ်။ စျေးလဲကြီးတယ်။ ကားခကလေ။ လားရှိူး – တန့်ယန်း – နမ့်လန် ​​ဘက်ကနေ ရပ်စောက်၊ ရပ်စောက်ဘက်ကနေ မန္တလေးကိုပြန်ထွက်ပြီး ရန်ကုန်လာရတာ” ဟု ပြောသည် ။
 
ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း၌ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်ပိုင်းရှိ မြို့ ၁၆ မြို့ကို သိမ်းထားနိုင်ပြီး လားရှိုးမြို့အနီးရှိ သန္နီ၊ ကွတ်ခိုင် မြို့များကိုလည်း ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ရရှိခဲ့သည်။
 
ညီနောင်သုံးဖွဲ့က ဆင်နွှဲနေသည့် စစ်ဆင်ရေးအတွင်း၌ စစ်ကောင်စီဘက်က တပ်ရင်းအလိုက်၊ တပ်မအလိုက် ထောင်ချီ၍ လက်နက်ချမှုများရှိနေပြီး ဇန်နဝါရီလ ၅ ရက်ကလည်း လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀၀ နီးပါး လက်နက်ချခဲ့သည်။
 
အဆိုပါလက်နက်ချမှုတွင် ဗိုလ်မှူးချုပ် ၆ ဦးထိပါဝင်ခဲ့သည့်အပြင် လက်နက်ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လားရှိုးသို့ ပို့ဆောင်ပေးခဲ့သောကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များအကြား လားရှိုးမြို့ စစ်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းမှုများဆက်လက်ရှိနိုင်သည်ဟု ရှမ်းမြောက်စစ်ဆင်ရေးကို လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုပြောဆိုမှုများလည်း ရှိခဲ့သည်။
 
*****
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2920
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6896

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ခေါင်းဆောင်က ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီးတချိူ့ကို အပြောင်းအလဲပြုလုပ်လာပြန်
Next Article အာဆီယံအထူးသံတမန်နှင့်တွေ့ဆုံရန် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ခေါင်းဆောင်ဖိတ်ကြား
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.