တိုက်ပွဲမဖြစ်သည့် တအာင်းနယ်မြေများကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်
*********************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၈၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းနယ်မြေများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလေကြောင်းတိုက် ခိုက်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာ နှင့် တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့နေ့လယ်ပိုင်းတွင် TNLA က ထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုင်းယော်ကျေးရွာရှိ အမျိူးသမီး ၄ ဦး ကျည်စထိမှန်သေဆုံးခဲ့ပြီး လူနေအိမ် ၂၀ လုံးလည်း ပျက်စီးခဲ့သည်။
ထို့အပြင် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဆရာ၊ ဆရာမ ၅ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၆ ဦး ကျည်စထိမှန်ဒဏ်ရာရကာ စာသင်ကျောင်းနှင့် လူနေအိမ် ၇ လုံးပျက်စီးခဲ့သည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင်လည်း စစ်ကောင်စီလေတပ်က မြို့သစ်ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။
ဓာတ်ပုံ – PSLF \ TNLA
****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2899
YouTube- > https://youtu.be/4ylmqr0SNsA
Website _> https://thanlwinkhet.net/?p=6854