သိန္နီ စကခ – ၁၆ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်
*************************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၈ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ရှိ စကခ – ၁၆ ဌာနချုပ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့၊ KNDF၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နှင့် တော်လှန်ရေးတပ်ပေါင်းစုများက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်ကစပြီး စကခ ၁၆ ဧရိယာကို တော်လှန် ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဇန်နဝါရီလ ၇ ရက်၊ နံနက် ၉ နာရီတွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – People’s Liberation Army – PLA က ယနေ့တွင်ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စကခ ၁၆ ဧရိယာတစ်ခုလုံးရှိ တပ်ရင်းများ၊ လက်နက် ကြီးကုန်းများ၊ လေယာဉ်ကွင်းများ၊ လက်နက်ဂိုဒေါင်များ၊ သံချပ်ကာ ကားများ၊ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားသည့်လမ်းကြောင်းတလျှောက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံချေမှုန်းခဲ့ပြီး မိုင်လီ – ပန်ဖက်တံတားအနီးထိ တိုက်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်ကလည်း ကွတ်ခိုင်မြို့ကို တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် – TNLA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA ။