စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA ထံလာရောက်ပူးပေါင်း
************************************
နန်းဆုပန်ခန့်
ဒီဇင်ဘာ ၂၂၊ ၂၀၂၃။
ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦး လက်နက်ခဲယမ်းတချို့နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြသည်ဟု ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၇ ရက်တွင် KNLA တပ်မဟာ ၆၊ လုံခြုံရေးစစ်ကြောင်းထံသို့ တပ်မ – ၄၄ လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းက ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းသည် MA – 5 (၁) လက်၊ 9mm ကျည်ဘောက် (၁) ခု နှင့် ကျည် (၁၀) တောင့်၊ ဆေးတပ်သား အောင်မျိုးဝင်းသည် MA-3 (၁) လက် နှင့် ၎င်းကျည်ဘောက် (၁) ခု၊ တပ်သား အောင်ကိုမင်းသည် MA-3 (၁) လက်၊ ၎င်းကျည်ဘောက် (၁) ခု နှင့် ၅.၅၆ ကျည်တောင့် (၁၅) တောင့် စသည့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
ထိုနေ့တစ်ရက်တည်းတွင် စစ်ကောင်စီလက်အောက်ခံ တပ်ရင်း (၁၀၂၂) တပ်နယ် (၄) က BGF တပ်သား၁ ဦးက M – 4 (၁) လက်၊ ၎င်းကျည်ဘောက် (၇) ခု၊ ၅.၅၆ ကျည် (၆၀) တောင့် နှင့် လက်ပစ်ဗုံး (၂) လုံး စသည့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်။
ဒီဇင်ဘာလ ၁၅ ရက်တွင်လည်း အလားတူ တပ်ရင်း (၁၀၂၂) တပ်နယ် (၄) က BGF တပ်သား ကောင်းဆက်ထွန်း သည် M-4 Carbine (၁) လက်၊ ၎င်းကျည်ဘောက်တို (၁) ခု နှင့် ၅.၅၆ ကျည်တောင့် (၂၀) တောင့် စသည့် လက်နက်ခဲယမ်းများနဲ့အတူ လာရောက် ပူးပေါင်းခဲ့ကြသည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည့်အတိုင်း ၎င်းတို့နှင့်အတူ ပါလာသော လက်နက်ခဲယမ်းများအလိုက် ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ က ထောက်ပံ့ငွေများဖြင့် ထိုက်တန်စွာ ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။
ပုံစာ- စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံနှင့် BGF တို့ လက်နဲ့ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်း သည့်မြင်ကွင်း။
ဓာတ်ပုံ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA လုံခြုံရေးစစ်ကြောင်း
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2773
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6679