ကွတ်ခိုင်တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်ပြီး ဒေသခံ ၁ ဦးသေဆုံး
****************
ယမင်းဖူးပွင့်အောင်
ဒီဇင်ဘာ ၂၁၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပ်ိုင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သ်ိရသည်။
ကွတ်ခိုင်မြို့အခြေချ စစ်ကောင်စီဗျူဟာတပ်စခန်းက
ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းကျေးရွာကို
ယနေ့နေ့လယ် ၁ နာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုအိုက်လူ အမည်ရှိ အသက် ၂၅ နှစ်အရွယ်အမျိုးသား ၁ ဦး ဦးခေါင်းခွံရိုးကွဲအက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကိုအိုက်လူ၏ ညီမဖြစ်သူ မအိုဆွေ လည်း ဒူးခေါင်းကျည်ထိမှန်ခဲ့ကာ ဆေးကုသမှုခံယူနေသည်ဟု ကွတ်ခိုင်ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
” သူ့ညီမက ပန်းကန်ဆေးနေတဲ့အချိန် လက်နက်ကြီးကျပေါက်ကွဲတာ။ သူ့အစ်ကိုက ခြံစည်းရိုးနားမှာထင်းခုတ်နေတာ” ဟုပြောသည်။
ကွတ်ခိုင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက စတင်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေတိုက်ပွဲပြင်းထန်နေပြီး ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြ
ရသည်။