• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ပေါက်တောတွင် စစ်ကောင်စီက စစ်အင်အားထပ်မတိုးနိုင်တော့ကြောင်း ရက္ခိုင့်တပ်တော်ပြော
တိုက်ပွဲသတင်း

ပေါက်တောတွင် စစ်ကောင်စီက စစ်အင်အားထပ်မတိုးနိုင်တော့ကြောင်း ရက္ခိုင့်တပ်တော်ပြော

thanlwinkhetBy thanlwinkhetDecember 22, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ပေါက်တောတွင် စစ်ကောင်စီက စစ်အင်အားထပ်မတိုးနိုင်တော့ကြောင်း ရက္ခိုင့်တပ်တော်ပြော

*****************************

မိခိုင်

ဒီဇင်ဘာ ၂၂ ၊ ၂၀၂၃။

တကျော့ပြန်တိုက်ပွဲအတွင်း ပထမဆုံးမြို့ပြတိုက်ပွဲဖော်ဆောင်ခဲ့သည့် ပေါက်တောတွင် စစ်ကောင်စီတပ်အနေဖြင့် စစ်အင်အားထပ်မံမတိုးနိုင်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် ရက္ခိုင့်တပ်တော် – AA က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်အနေဖြင့် စစ်အင်အားဖြည့်တင်းရန်ကြိုးပမ်းနေသည်မှာ ၁ ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖြတ်တောက်ထားနိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင်” စစ်ကောင်စီသည် ပေါက်တောမြို့သို့ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် ကြိုးစားနေခဲ့သည်မှာ ၁ ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း ရက္ခိုင့်တပ်တော်က ဆက်လက်ဖြတ်တောက်ထားဆဲပင်ဖြစ်သည်” ဟု ဖော်ပြထားသည်။

စစ်ကောင်စီက စစ်သင်္ဘော ၃ စင်းဖြင့် အင်အားဖြည့်တင်းရန်လာခဲ့သော်လည်း ရက္ခိုင့်တပ်တော် က ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်သင်္ဘော ၁ စင်းထိမှန်၍ ရန်သူစစ်ကူအချို့သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ၎င်းစစ်သင်္ဘောလည်း နောက်လှည့်ပြန်ခဲ့ရသည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်း၌ ရက္ခိုင့်တပ်တော်- AA နှင့် စစ်ကောင်စီ၏ လက်ကျန်တပ်ဖွဲ့ဝင်တချို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် ည  ၉နာရီဝန်းကျင်တွင်လည်း Navy  ၃ စင်းက လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ကမ်းတက်ရန် ကြိုးပမ်းခဲ့ကြောင်း ပေါက်တောဒေသခံ ၁ ဦးက ပြောသည်။

” ည ၉ နာရီ ၁၅ မိနစ်လောက်မှာ လက်နက်ကြီးတွေ ၁၀ ချက်လောက် ဆက်တိုက်ပစ်တယ်။ စစ်တပ်က ပေါက်တောကို အင်အားထပ်တိုးဖို့အတွက် ကြိုးပမ်းတယ်လို့ သိရတယ်။ ခဏနေတော့ လက်နက်ငယ်သံတွေ ကြားရတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ မိနစ် ၂၀ လောက်ကို တရစပ်ပစ်သံကြားရတယ် “ဟု ၎င်းက ပြောသည့်အပြင် ည ၁၁ နာရီ လောက်အထိ လက်နက်ကြီးသံများကြားရကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

ပေါက်တောမြို့တွင်ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်သားများက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် ၃ ထဲရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု AA က ဆိုသည်။

နိုဝင်ဘာလ ၁၆ရက်ကစတင်၍ စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ယနေ့တွင် ၃၇ ရက် အထိ ကြာမြင့်လာပြီဖြစ်သည့်အတွက် ဒေသခံသောင်းချီ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်များအနေဖြင့် နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြရသည်။

စစ်ကောင်စီတပ်ကပေါက်တောမြို့၏ ကုန်းလမ်းရေလမ်းများကို ပိတ်ဆိုထားသည့်အတွက် ကုန်စျေးနူန်းကြီးမြင့် ခြင်း၊ အင်တာနက်လိုင်းပြတ်တောက်ခြင်းများ ကြုံနေကြရသည်။

ဓာတ်ပုံ – Twitter

******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2774

YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR

Website – >  https://thanlwinkhet.net/?p=6682

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA ထံလာရောက်ပူးပေါင်း
Next Article ရမ်းဗြဲတွင် စစ်ကောင်စီက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.