နန်းဆုပန်ခန့်
ဒီဇင်ဘာ ၂၁ ၊ ၂၀၂၃။
ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်တွင် လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူး ပေါင်းသော ခလရ-၂၈၃ တပ်ရင်းက ဒုတပ်ကြပ် ၁ ဦးအား ထောက်ပံ့ငွေကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့တယ်လို့ ဒူးပလာယာခရိုင်က ယနေ့ထုတ်ပြန်သည်။
အသက် ၂၃ နှစ်ရှိ ခလရ-၂၈၃ က အဆိုပါဒုတပ်ကြပ်သည် MA – 4 ပူးတွဲ(၁) လက်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ကျည်ဘောက် ၄ ဘောက်နှင့် ၅.၅၆ ကျည်တောင့် ၇၅ တောင့်တို့နှင့်အတူ ကေအဲန်ယူ၊ တပ်မဟာ ၆ ကွန်မန်ဒိုတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့သဖြင့် ထိုစစ်ကောင်စီဒုတပ်ကြပ်ကို မြန်မာကျပ်ငွေ သိန်း တစ်ရာ့ငါးဆယ် (၁၅,၀၀၀,၀၀၀) တိတိထောက်ပံ့ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ဒုတပ်ကြပ် ရဲကိုကို သည် တပ်တွင်းကြီးနိုင်ငယ်ညှဉ်းဖိနှိပ်မှုများကို ဆက်လက် သည်းမခံနိုင်တော့သည့်အပြင် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တော့သဖြင့် စစ်ကောင်စီတပ်က ကြိုးစားရုန်းထွက် လာကာ ပြည်သူ့ရင်ခွင်ခိုလှုံပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး သမားများနှင့်အတူ ပူးပေါင်းပါဝင်ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ မည်သည့်စစ်သားမဆို မိမိတပ်ကိုစွန့်ခွာပြီး ပြည်သူလူထုရင်ခွင်ခိုလှုံရန်နှင့် ကေအဲန်ယူဘက်ကလည်း ၎င်းတို့ဘဝရှေ့ဆက်နိုင်ရန်အတွက်သာမက သာမန်ပြည်သူလိုနေထိုင်လိုပါက အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပုံစာ – လက်နက်ခဲယမ်းနှင့်အတူအလင်းဝင်လာသော ခလရ -၂၈၃ က ဒုတပ်ကြပ်။
ဓာတ်ပုံ – ဒူးပလာယာခရိုင်သတင်းနှင့်ပြန်ကြားရေး။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2764
Website – > https://thanlwinkhet.net/?p=6671