မိုလိုကျိုး( ဖဲထာ) စခန်းကို ကရင် နှင့် ကရင်နီပူးပေါင်းတပ်များသိမ်းပိုက်
*****************************************
နန်းဆုပန်ခန့်
ဒီဇင်ဘာ ၂၀၊ ၂၀၂၃။
ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ နယ်မြေအတွင်းရှိ မိုလိုကျိုး(ဖဲထာ) စခန်းကို KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၅ နှင့်အတူ ကရင်နီအမျိုးသားတိုးတက်ရေးတပ်မတော် – KNPP နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်မတော်- KNPLF တို့က ပူးပေါင်းသိမ်းပိုက်ခဲ့သည်ဟု မူတြော်သတင်းစဉ်က ဖော်ပြသည်။
နှစ် ၃၀ ကျော်ကြာအထိုင်ချထားသော စစ်ကောင်စီ ခလရ – ၅၇ ၏ တပ်စခန်းဖြစ်သည့် မိုလိုကျိုး (ဖဲထာ) စခန်းကို ဒီဇင်ဘာလ ၁၆ ရက် ၊ မနက် ၁၂ နာရီခွဲအချိန်တွင် အပြီးတိုင်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သလို စစ်ကောင်စီတပ်သား အလောင်း ၇၀ နှင့်အတူ လက်နက်ကြီးငယ်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မိုလိုကျိုး(ဖဲထာ)ကိုတိုက်ခိုက်ခဲ့သဖြင့် ထွက်ပြေးသွားသော ခလရ – ၅၇ က တပ်သားများသည် ကော်ဝေကျိုးတွင်တပ်စွဲထားသည့် စစ်ကောင်စီ ခမရ – ၄၄၀ နှင့် ပြန်လည် ပူးပေါင်းထားကြောင်းသိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်က ၅ ဦးကျဆုံးခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
ပုံစာ- မိုလိုကျိုး(ဖဲထာ) စခန်းသိမ်းတိုက်ပွဲအတွင်း ရရှိသည့်လက်နက်ခဲယမ်းများ။
ဓာတ်ပုံ- မူတြော်သတင်းစဥ်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2757
Website – > https://thanlwinkhet.net/?p=6657