• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရခိုင်ပြည်နယ်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်
နေ့စဉ်သတင်း

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်

thanlwinkhetBy thanlwinkhetDecember 18, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မိခိုင်

ဒီဇင်ဘာ ၁၈ ၊ ၂၀၂၃။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင် ဆန်ထောက်ပံ့မှုပြတ်တောက်ခြင်းအပြင် စားနပ်ရိက္ခာစျေးနှုန်းမြင့်တက်လာသည်ကိုပါ တပြိုင်နက်တည်းကြုံတွေ့နေရပြီး စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာအနီးရှိ ရထားဘူတာ၊ မြက်လှဲ၊ ဂဏန်းတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်ရှိ တိမ်ညို၊ တောင်မြင့်၊ တင်းထိန်ကန်၊ ရွာသစ်ကေ၊ ပီပင်ရင်းစစ်ရှောင်စခန်းများအပြင် ရသေ့တောင်ရှိ စစ်ရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်နေခြင်းဖြစ်သည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းက စစ်ရှောင် ၁ ဦးက ” စားနပ်ရိက္ခာက လုံးဝကို ပြတ်နေပြီ။ အထောက်အပံ့လည်း လုံးဝမရှိတော့ ပိုခက်ခဲလာတယ် ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာလကစ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများအား ပိတ်ဆို့ထားသည့်အတွက် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

စစ်ဘေးရှောင်များအား စစ်ဘေးရှောင်များအား WFP က လူ ၁ ဦးလျှင် ၁ လ ငွေကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးနေသော်လည်း ပြီးခဲ့သည့် အောက်တိုဘာလပိုင်းကစ၍ WFP ထောက်ပံ့မှုများ ရပ်ဆိုင်းထားသောကြောင့် ရထားဘူတာစစ်ရှောင်စခန်းတွင်လည်း ပိုမိုခက်ခဲလာကြောင်း သိရသည်။

စခန်းကတာဝန်ရှိသူ ၁ ဦးက ” အခုက စားနပ်ရိက္ခာက ၃ ဆလောက် စျေးတက်သွားတယ်။ လက်လုပ် လက်စားတွေဖြစ်ပြီး အလုပ်လည်းရှာမရတော့ ပိုပြီး ခက်ခဲလာတယ်။ အဖွဲ့အစည်း ၁ ခုကမှလည်း ထောက်ပံ့မှု မရှိဘူး ” ဟု ပြောသည်။

ရခိုင်တွင် အခြေခံစားနပ်ရိက္ခာနှင့်ပတ်သက်ပြီး ယခင်က ဆန်ကြမ်း ၁ အိတ်လျှင် ကျပ် ၆၀,၀၀၀ ရှိခဲ့သော်လည်း လက်ရှိတွင် ၁၂၀,၀၀၀ ၊ ဟင်းချိုမှုန့် ၁ ပိဿာလျှင် ယခင် ၈,၀၀၀ ကျပ်ကနေ ယခု ၃၀,၀၀၀ ကျပ်၊ ငရုပ်သီး ခြောက် ၁ ပိဿာလျှင် ယခင် ၉,၀၀၀ ကျပ်ကနေ လက်ရှိ ၆၀၀၀၀ ကျပ် နှင့် နှမ်းဆီ ၁ လီတာကို ယခင် ၇,၀၀၀ကျပ်ကနေ လက်ရှိ ၂၅,၀၀၀ထိ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

ထောက်ပံ့မှုများရှိခဲ့သည့်အချိန်တွင်ပင် စားဝတ်နေရေးအခက်အခဲများရှိနေရာ လက်ရှိတွင် ကုန်စျေးနှုန်းများ မြင့်တက်နေပြီး ထောက်ပံ့မှုပါမရသည့်အတွက် ပိုမိုကြပ်တည်းလာကြောင်း စစ်ရှောင်အမျိုးသမီး ၁ ဦးက ဆိုသည်။

” အရင်ကတည်းက အလုပ်အကိုင်က မရှိတော့လို့ ကြပ်တည်းမှုနဲ့ နေနေကြရတာ။ အခုက ထောက်ပံ့မှုကလည်း မရှိဘူး။ စားနပ်ရိက္ခာကလည်း ရှားတယ်။ ပိုက်ဆံလည်း ပြတ်တယ်။ ကုန်စျေးနှုန်းကလည်း တက်နေတော့ ပိုဆိုး တာပေါ့ ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများလည်း လုံးဝပြတ်တောက်သွားကြောင်း စစ်ဘေးရှောင်များကဆိုသည်။

ဘူးသီးတောင်မြို့နယ် တောင်မင်းစစ်ရှောင်စခန်းက စစ်ရှောင် ၁ ဦးက ” အနွေးထည်တွေ စောင်တွေလည်း လိုအပ်နေပါတယ်။ အရင်ကဆို အရပ်ဘက်အဖွဲ့အစည်းတွေက လာပေးတာရှိတယ်။ အခုက သူတို့လည်း အခက်အခဲ ရှိမယ်ထင်တယ်။ ၁ ဖွဲ့မှ မရောက်လာတော့ဘူး ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဟောင်း ၆၀,၀၀၀ ကျော်ရှိနေရာက လက်ရှိတွင် စစ်ဘေးရှောင် ၁၀၀,၀၀၀ ကျော်ထိ ထပ်တိုးလာသည်ဟု သိရသည်။

ပုံစာ – ရခိုင်ပြည်နယ်ရှိ စစ်ရှောင်များ။

ဓာတ်ပုံ – သံလွင်ခက်။

******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2747

Website – > https://thanlwinkhet.net/?p=6638

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၁၀ ခုဝန်းကျင် သိမ်းပိုက်နိုင်
Next Article ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ် နှင့် AA တို့ တိုက်ပွဲဖြစ်၊ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.