နန်းဆုပန်ခန့်
ဒီဇင်ဘာ ၁၇ ၊ ၂၀၂၃။
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် လျှပ်စစ်မီးမရတာ ၁ ပတ်ကျော်လာပြီဖြစ်သောကြောင့် ဒေသခံများ အခက် အခဲအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်၊ ညပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့များက မြဝတီမြို့မရဲစခန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒရုန်းနှင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က မြဝတီမြို့နေရာအချို့ကို မီးဖြတ်တောက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
“ အဲ့တုန်းက ဒရုန်းနဲ့ကြဲခံရတဲ့နေရာအနီးဝန်းကျင်မှာပဲ မီးဖြတ်ခဲ့တာ။ နောက် ၁ ရက် ၂ ရက်ကြာတော့ တစ်မြို့လုံးကို မီးဖြတ်တာပေါ့နော်” ဟု မြဝတီဒေသခံ ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
စစ်ကောင်စီဘက်က မီးဖြတ်တောက်ခဲ့သောကြောင့် သုံး ရေအခက်အခဲများနှင့်အတူ စီးပွားရေးလုပ်ငန်းများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံက သိရသည်။
“ အစ်မတို့လို အိမ်ရှင်မတွေအတွက်ကတော့ ရေဒုက္ခကအရင်။ ကျန်တာတော့အများကြီး၊ ဆံပင်ညှပ်ဆိုင်၊ မိတ္တူဆိုင်၊ စားသောက်ဆိုင်၊ စက်ချုပ်ဆိုင်၊ မော်တာနဲ့ အသားငါးအအေးခန်းထဲထည့်ရောင်းသူတွေအများကြီးပေါ့” ဟု ၎င်းက မြဝတီမြို့တွင်း အဓိကရင်ဆိုင်နေရသည့် ပြဿ နာများကိုပြောသည်။
အခြေခံလက်လုပ်လက်စားသမားများအနေဖြင့်လည်း အခြားသူများအိမ်က မီးစက်နိုးမှသာလျှင် ဖုန်းအားသွင်းခြင်းနှင့် အဝီစိရေတွင်းရှိသောအိမ်များက ရေဝေပေးမှတန်းစီပြီး ရေရယူနေရသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းချိန်ကစပြီး မြဝတီမြို့နှင့် မြန်မာတစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးပြတ်သည့်ပြဿနာနှင့် မကြာခဏရင်ဆိုင်နေရသည်ဟု ဒေသတွင်းသတင်းရင်း မြစ်ထံက သိရသည်။
ဓာတ်ပုံ – Top Phoenix
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2739
Website – > https://thanlwinkhet.net/?p=6626