• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး၍ ၉ဦး ဒဏ်ရာရ
တိုက်ပွဲသတင်း

စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး၍ ၉ဦး ဒဏ်ရာရ

thanlwinkhetBy thanlwinkhetDecember 11, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး၍ ၉ဦး ဒဏ်ရာရ

*************************

မိခိုင်

ဒီဇင်ဘာ ၁၁၊ ၂၀၂၃။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်တပ်က ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်ကျ၍ ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဥက္ကာပျံရပ်ကွက်နေ မစံပယ်မိုး – ၁၁ နှစ် ဖြစ်ပြီး ဒဏ်ရာရသူများမှာ မောင်ခံထွန်း –  ၉နှစ် ၊ မနေဇာဝင်း – ၂၁နှစ်၊ မောင်ဇော်မိုးနိုင် – ၁၃ နှစ်၊ မမိုးမိုးစံ – ၁၄ နှစ်၊ မောင်ထွန်းနိုင်လင်း – ၁၂နှစ် ၊ မောင်ညီလင်းထွန်း – ၁၄ နှစ်၊ မောင်ခိုင်မျိုးကျော် – ၁၂ နှစ်၊ မောင်ခိုင်လင်းနိုင် – ၅နှစ် နှင့် ဒေါ်နီနီဝင်း – ၃၅ နှစ်တို့ဖြစ်ကြ

သည်။

ကလေးငယ်အများစု လမ်းပေါ်ကစားနေချိန်၌ လက်နက်ကြီးကျလာခြင်းဖြစ်ကြောင်း ဆိုသည်။

” ညနေ ၄ နာရီလောက်ရှိမယ်။ သူတို့က လမ်းမှာဆော့နေတဲ့အချိန် လက်နက်ကြီး လာကျတာ။ ကလေးမ ၁ ယောက်က သေသွားတယ်” ဟု မင်းပြားမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးကပြောသည်။

မင်းပြားကျိန်းတောင်ထက်၌ အခြေစိုက်ထားသော စစ် ကောင်စီတပ်က  ယခုကဲ့သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် မြို့နေရာအများအပြားတွင် လက်နက်ကြီး ထိမှန်ခဲ့ကြောင်းသိရသည်။

ယမန်နေ့တွင် မင်းပြားမြို့၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့အနီးရှိကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီး

များဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်နေ ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးခဲ့ပြီး ဒေသခံ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရက္ခိုင့်တပ် တော်က ထုတ်ပြန်ထားသည်။

စစ်တွေမြို့၊ ဝါဘိုကျေးရွာကိုလည်း စစ်ကောင်စီက

ဒရုန်းဖြင့် ဗုံးကြဲခဲ့သဖြင့် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာရွာသစ်ကိုလည်း စစ်ကောင်စီကပစ်ခတ်လိုက်သော လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးခဲ့ရပြီး ‌ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသော ရန်သူ့အကြွင်းအကျန်များကို ရက္ခိုင့်တပ်တော်က ဆက်လက်ရှင်းလင်းနေပြီး စစ်ကောင်စီကလည်း ပေါက်တောမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများကို Navy ဖြင့် ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

” ပေါက်တောမြို့ရှိ အရပ်သားပြည်သူများအား ဓားစာခံနှင့် လူသားဒိုင်းကာအဖြစ် ဖမ်ဆီးကာသတ်ဖြတ်ခဲ့သော ရန်သူ့တပ်ဖွဲ့ဝင်အချို့အား ထပ်မံရှင်းလင်းနိုင်ခဲ့သည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေ့ရက်များတွင်လည်း စစ် ကောင်စီက လက်နက်ကြီးများဖြင့် မြို့ပြနှင့် ကျေးရွာဒေသများကို ပစ်ခတ်နေသည့်အတွက် ဒေသခံများအနေဖြင့် ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ – Twitter

******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2704

Website – > https://thanlwinkhet.net/?p=6577

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြဝတီ – ကော့ကရိတ်လမ်းပိုင်းကိုထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ
Next Article စစ်ကောင်စီ၏ အကြီးဆုံး ဗျူဟာကုန်း ၂ ခုလုံးအား တစ်ပတ်အတွင်း ရက္ခိုင့်တပ်တော်သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.