မြဝတီ – ကော့ကရိတ်လမ်းပိုင်းကိုထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ
****************************************
နန်းဆုပန်ခန့်
ဒီဇင်ဘာလ ၁၁ ၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ကော်သူးလေထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ မြဝတီ – ကော့ကရိတ်လမ်းပိုင်းကို ကာ ကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်ကာ ဒေသခံအများအပြားရှောင်တိမ်းနေရ သည် ဟု ဒေသခံများထံက သိရသည်။
နိုဝင်ဘာလနှောင်းပိုင်းကစပြီး NUG – MOD တောင်ပိုင်းစစ်ဒေသလက်အောက်ခံ ကျားသစ်နက်စစ်ကြောင်းနှင့် ပူး ပေါင်းမဟာမိတ်စစ်ကြောင်းတို့သည် မြ၀တီ-ကော့ကရိတ်လမ်းမကြီးအား ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒေသတွင်း ပြည်သူများ၏ လုံခြုံရေးကိုလည်း ဆောင်ရွက်ပေးခဲ့သည်ဟု ကျားသစ်နက်စစ်ကြောင်း က ယမန်နေ့ညတွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။
ဒေသတွင်းလုံခြုံရေးများဆောင်ရွက်နေသည့်အလျောက် ဒီဇင်ဘာလ ၉ ရက် ညနေပိုင်းတွင်လည်း ဒေသခံများကို ၂ နာရီအတွင်း ကော့ကရိတ်မြို့အနီးရှိ အတွင်းမဲကနယ်ဒေသခံများအား တိမ်းရှောင်ကြရန်ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသူ ကော့ကရိတ်ဒေသခံ ၁ ဦးက ပြောသည်။
၎င်းက ” KNU ပဲ ဖြစ်မယ်။ အဲနေရာမှာ KNU ရှိနေတယ် သိရတယ်၊ စာတော့ မထုတ်ဘူး။ အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ခြေရှိလို့ ဘေးလွတ်ရာ ရှောင်နေခိုင်းတာပဲ ဖြစ်မယ်” ဟု အမည်မဖော်လိုသူ ကော့ကရိတ် ဒေသခံ ၁ ဦး က သံလွင်ခက်ကိုပြောသည်။
မြဝတီ – ကော့ကရိတ်လမ်းပိုင်းကို စတင်ထိန်းချုပ်ထားနိုင်ခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းကစ၍ တိုက်ပွဲများပြင်း ထန်ခဲ့သည်ဟုလည်း ဒေသခံများထံက သိရသည်။
ကော့ကရိတ်ဒေသခံ ၁ ဦးက “ ဟုတ်တယ် ဒီမနက်လည်း ချောင်းတောင် အာရှလမ်းတခွင်မှာ တိုက်ပွဲပြင်းထန် နေတယ်” ဟု ဆိုသည်။
အတွင်းမဲကနယ်ကဒေသခံများသည် နီးစပ်ရာဆွေမျိုးများဆီ ထွက်ပြေးတိမ်းရှောင်မှုများရှိသလို နီးစပ်ရာ စစ် ရှောင်စခန်းများသို့လည်း ထွက်ပြေးတိမ်းရှောင်မှုများရှိနေသည်ဟု ထိုင်း – ကရင်နယ်စပ် စစ်ရှောင်များထံက သိရ သည်။
ကော့ကရိတ်တိုက်ပွဲ စတင်ဖြစ်ပွားသည့်အချိန်ကစ၍ စစ်ကောင်စီတပ်ဘက်က နေ့စဥ်နီးပါး လေကြောင်း တိုက် ခိုက်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများအသက်ဆုံးရှုံးရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်နှင့် ပြည်သူပိုင်အဆောက်အအုံများ ပျက်ဆီးမှုရှိသည်ဟုလည်း ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ – မြဝတီ- ကော့ကရိတ် လမ်းမပေါ်က ကျားသစ်နက်စစ်ကြောင်းရဲဘော်များ။
ဓာတ်ပုံ- ကျားသစ်နက်စစ်ကြောင်း။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2686
Website – > https://thanlwinkhet.net/?p=6574