သံလွင်ခက်
နိုဝင်ဘာ ၂၄၊ ၂၀၂၃။
ချင်းပြည်နယ်၊ မတူမြို့နယ်တွင်ရှိသည့် လိုင်လင်းပီအခြေစိုက် စစ်ကောင်စီ၏ ခလရ-၃၀၄ လက်အောက်ခံတပ်စခန်းကို ချင်းအမျိုးသားတပ်မတော် – CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်သည်ဟု မြေပြင်ရဲဘော်များထံက သိရသည်။
“သိမ်းနိုင်ပြီဆိုတာ ဟုတ်တယ်၊ ဖမ်းဆီးရမိကတော့ သတင်းအတိအကျ မသိရသေးဘူး။ ဆက်သွယ်ရေးလိုင်း ခက်ခဲလို့” ဟု တော်လှန်ရေးရဲဘော် ၁ ဦးက သံလွင်ခက် ကို ပြောသည်။
အဆိုပါ လိုင်လင်းပီ တပ်စခန်းကို နိုဝင်ဘာလ ၁၉ ရက်တွင် ချင်းအမျိုးသားတပ်မတော် – CNA အပါအဝင် CDF တပ်ပေါင်းစုက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီလေတပ်က လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများသေဆုံးခဲ့ရပြီး ကာကွယ်ရေးရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။
လိုင်လင်းပီကျေးရွာဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ၁ ဦးဖြစ်သည့် ဒေါက်တာဆာဆာ၏ မွေးရပ်မြေဇာတိ ဖြစ်သည်။
ပုံစာ – သိမ်းဆည်းရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းတချို့။
ဓာတ်ပုံ – Zophei Information Center
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2544
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6378