နောင်ချိုတွင် သံချပ်ကာကားပျက်စီးပြီး စစ်ကောင်စီတပ်စစ်ကူများနောက်ပြန်ဆုတ်ခဲ့ရ
***************************
သံလွင်ခက်
နိုဝင်ဘာ ၉ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကူလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ သံချပ်ကာကားတစ်စီးပျက်စီးပြီး စစ်ကြောင်းလည်း နောက်ပြန်ဆုတ်သွားခဲ့ရသည်ဟု TNLA က ယနေ့နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည် ။
TNLA ၏ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင် သံချပ်ကာကား (၃)စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား ယမန်နေ့ ည (၉း၄၅) နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပူးပေါင်းတပ်များက သံချပ်ကာကား (၁)စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး၊ ကျန် (၂)စီးနှင့် စစ်ကူများသည် နောက်ပြန်ဆုတ်သွားခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည် ။
နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းတွင်လည်း နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်အား တအာင်းတပ်မတော် (TNLA) နှင့် MDY PDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ (၇) ရက်၊ ညနေ (၅:၃၀) အချိန်ခန့်တွင် တအာင်းတပ်မတော် (TNLA) နှင့် MDY PDF တို့ ပူးပေါင်းပြီး တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်အနီးဝန်းကျင်တွင် ရစစ်ကောင်စီ၏ တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2349
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6134