• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ပလက်ဝတွင် စစ်တပ် ဗုံးကြဲ၍ ဒေသခံ ၆ ဦး သေဆုံး
  • တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်က နမ့်ဖတ်ကာရှိ အရပ်သားနေအိမ်များကို လုယက်ဖျက်ဆီးခဲ့
  • သွေးသစ်ကျောင်း ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ
  • ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ
  • နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စပါးရိတ်သွားသည့် ဒေသခံ ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး
တိုက်ပွဲသတင်း

စပါးရိတ်သွားသည့် ဒေသခံ ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး

thanlwinkhetBy thanlwinkhetNovember 3, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စပါးရိတ်သွားသည့် ဒေသခံ ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး
******************************

သံလွင်ခက်
နိုဝင်ဘာ ၃၊ ၂၀၂၃။

စပါးရိတ်သွားသည့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့နယ်၊ ပျဉ်းမပင်ကျေးရွာက ဒေသခံအမျိုးသား ၁ ဦး သည် စစ်ကောင်စီကပစ်ခတ်လိုက်သည့် လက်နက် ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီးရှိ စစ်ကောင်စီ ခမရ – ၃၀၇ တပ်ရင်း က ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကင်မွန်းခြုံကျေးရွာမြောက်ဘက်၊ ပျဉ်းမပင်ကျေးရွာသွားလမ်းတွင် ကျ ရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါလက်နက်ကြီးသည် စပါးရိတ်သွားသည့် ပျဉ်းမပင်ကျေးရွာက အသက် ၄၅ နှစ်အရွယ် အတီးသဝါး၏အနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လက်နက်ကြီးစထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံ ၁ ဦးကပြောသည်။


၎င်းက ” ဒီနေ့မနက်မှာ သူရွာကနေ လက်တက်ကြီးကို စပါးရိတ်ဖို့ ဆိုင်ကယ်နဲ့သွားတာ။ အဲ့သွားတဲ့လမ်းမှာပဲ လက်နက်ကြီးထိသွားတာ ” ဟုဆိုသည်။

အဆိုပါဒေသများသည် ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၃ နယ်မြေအတွင်းက ဒေသများဖြစ်ပြီး ယင်းဒေသများတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် စစ်တောင်းမြစ်ကမ်းဘေးတလျှောက်ရှိ စစ်ကောင်စီတပ်များက အနီးအနားရှိကျေးရွာများကို လက်နက်ကြီးများ ဖြင့် နေ့စဉ်ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ သပြေကုန်း ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၆ နှစ်အရွယ် စောပဲပဲ ကို လက်နက်ကြီးစ ထိမှန်ခဲ့သဖြင့် ထိခိုက်ဒဏ် ရာရရှိခဲ့သည်ဟု KNU က နိုဝင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် အောက်တိုဘာ ၃၁ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်တွင်လည်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အခြေစိုက် ခမရ – ၄၃၉ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားရှိကျေးရွာများကို ၁၅၅ ဟောင်ဝစ်ဇာ လက် နက်ကြီး ၄ လုံးဖြင့်ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာအတွင်း ၁ လုံး၊ ရေလဲ (အရှေ့ဘက်ကမ်း)တွင် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။

ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပျဉ်းမပင်ကျေးရွာရှိ ညားဆာဖော ၏နေအိမ်ပျက်စီးခဲ့ပြီး နေအိမ်ထဲရှိ အသက် ၁၇ နှစ်အရွယ် နော်ဒါးဖော ကို ကျည်စထိမှန်သဖြင့် ညာဘက်ဒူးပြတ်၍ သေဆုံးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ရေလဲ (အရှေ့ဘက်ကမ်း) တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ် ၁ လုံး ပျက်စီးခဲ့၍ အသက် ၂၀ အရွယ် နော်အယ်စေး ၏ ဘယ်ဘက်ပေါင်နှင့် ခြေသလုံး ဒဏ်ရာရခဲ့သလို အသက် ၉ နှစ်အရွယ် နော်စေးလာဝါး ၏ ညာဘက်လက်ညှိုး ကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်သည် နေ့လယ် ၂ နာရီခန့်တွင် ရေလဲ (အရှေ့ဘက်ကမ်း) ရွာနှင့် ရေလဲ (အနောက် ဘက်ကမ်း)ရွာများကို MI – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည့်အပြင် ညနေ ၄ နာရီခွဲခန့် တွင်လည်း စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာ ၇ ရွာကို လေကြောင်းဖြင့်ပစ်ခတ်မှုများ ထပ်မံလုပ် ဆောင်ခဲ့သည်ဟု KNU က ဆိုသည်။

ထိုကဲ့သို့ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ရေလဲ ( အနောက်ဘက်ကမ်း ) ၊ သောင်ကြီး၊ ကျီးပင်ပေါက်၊ ရေလဲ ၊ ဝက်တူး၊ သင်္ကန်းပင်နှင့် ပျဉ်းမပင်ကျေးရွာများက လူဦးရေ ၅၂၃၈ ဦး စစ်ဘေးတိမ်းရှောင် နေရသည်ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီကကောက်ယူထားသည့် စာရင်းများအရသိရသည်။

ပုံစာ – လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့သည့် ပျဉ်းမပင်ကျေးရွာက ဒေသခံအမျိုးသား။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရခိုင်ပြည်နယ်တွင် စစ်ကောင်စီက စစ်ဆေးမှုများပိုမိုဆောင်ရွက်နေ
Next Article ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများအတွင်းပိတ်မိနေသော ထိုင်းနိုင်ငံသားများကိုကယ်ထုတ်နိုင်ရန် ထိုင်းအစိုးရ ကြိုးပမ်းနေ
thanlwinkhet
  • Website

Related Posts

March 26, 2026

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

March 26, 2026

Leave A Reply Cancel Reply

Recent Posts

  • ပလက်ဝတွင် စစ်တပ် ဗုံးကြဲ၍ ဒေသခံ ၆ ဦး သေဆုံး
  • တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်က နမ့်ဖတ်ကာရှိ အရပ်သားနေအိမ်များကို လုယက်ဖျက်ဆီးခဲ့
  • သွေးသစ်ကျောင်း ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ
  • ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ
  • (no title)

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ပလက်ဝတွင် စစ်တပ် ဗုံးကြဲ၍ ဒေသခံ ၆ ဦး သေဆုံး

တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်က နမ့်ဖတ်ကာရှိ အရပ်သားနေအိမ်များကို လုယက်ဖျက်ဆီးခဲ့

သွေးသစ်ကျောင်း ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ

ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ပလက်ဝတွင် စစ်တပ် ဗုံးကြဲ၍ ဒေသခံ ၆ ဦး သေဆုံး

March 30, 2026

တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်က နမ့်ဖတ်ကာရှိ အရပ်သားနေအိမ်များကို လုယက်ဖျက်ဆီးခဲ့

March 30, 2026

သွေးသစ်ကျောင်း ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ

March 30, 2026

ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ

March 28, 2026

March 26, 2026

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.