ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက စစ်ဆေးမှုများပိုမိုဆောင်ရွက်နေ
*******************
မိခိုင်
နိုဝင်ဘာ ၃၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ဆေးမှုများပိုမိုဆောင်ရွက်လာနေသည့်အတွက် ပြည်သူလူထုအနေဖြင့် ဂရုစိုက်သွားလာနေရကြောင်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ပထမရက်သတ္တပတ်လောက်ကစပြီး စစ်ကောင်စီတပ်များသည် ရခိုင်ပြည်နယ်တွင် စစ်ရေးပြခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းနှင့် လက်နက်ကြီးစမ်းသပ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
တစ်ဘက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို “1027” စစ်ဆင်ရေးဖြင့် စစ်ဆင်ရေးဖော်ဆောင်နေသည့်အတွက် ရခိုင် ပြည်နယ်တွင် ယခုကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုသည်။
အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ” တိုက်ပွဲ စချင်စမယ်ဆိုတဲ့ပုံစံမျိုးပဲ။ စက်လှေတွေကအစ စစ် တာတွေ့တယ်။ ကျောက်တော်ဘက်က ကားတွေကိုလည်း တအားစစ်ဆေးတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်ကလည်း စစ်တွေမြို့နယ်၊ ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ကျောက်တန်းစစ်ဆေးရေးဂိတ်တွင်စစ်ဆေးခံခဲ့ရပြီး စစ်ဆေးချိန်ကြာမြင့်သည့်အတွက် အဆိုပါ ကိယ်ဝန်ဆောင်အမျိုးသမီးနှင့် ဝမ်းဗိုက်တွင်းရှိ ကလေးငယ်ပါ လမ်းတွင်သေဆုံးသွားခဲ့သည်။
ပုဏ္ဏားကျွန်းရှိ စစ်ရှောင် ၁ ဦးက ” တိုက်ပွဲပြန်စမယ်ပြောနေကြတယ်။ ကျွန်တော်တို့ကတော့ အရမ်းစိုးရိမ်မှုရှိနေ တယ်။ ဘယ်နေ့ စဖြစ်မလဲဆိုပြီး တစ်မျိုးစိတ်ပူတယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်များသည် ရန်ကုန် – စစ်တွေ ကားလမ်းမတလျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် လည်း စစ်ဆေးမှုများပြုလုပ်နေကြောင်း ကားသမား ၁ ဦးက ပြောသည်။
“ကားတွေကို အရင်က ၇နာရီလောက်ကနေ စထွက်လို့ရတယ်။ အခုက ခရီးသည်တွေကို မနက် ၅ နာရီခွဲချိန်းရ တယ်။ ၅နာရီခွဲလောက်ကသွားတာတောင် ၈နာရီလောက်မှ ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ကျော်ရတယ်။ တအားစစ်ဆေးတာများတယ်။ ၄၅ မိနစ်ခရီးကို ၂ နာရီလောက်ကြာတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် သတင်းထောက်များကိုရှာဖွေခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများကိုလည်း စာ ရင်းကောက်ယူမှုများ ရှိနေသလို ဒေသခံများအနေဖြင့်လည်း စိုးရိမ်မှုများမြင့်တက်နေပြီး စစ်ပွဲပြန်လည်ဖြစ်ပွား လာမည်ကို စိုးရိမ်နေကြသည်။
ဓာတ်ပုံ – facebook
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2296
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6049