• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်
  • ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း
  • ထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူ
  • ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ
  • ထိုင်းနိုင်ငံတွင်း အက်ဒမန်ပြည်နယ်များ ဆူနာမီ ဘေးအန္တရာယ်စီမံကိန်း တိုးမြှင့်ရန် ညွှန်ကြား
  • စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းကြဲချ၊ ကလေးငယ်များအပါအဝင် သေဆုံးမှုများရှိ
  • နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း မကျရှုံးစေရန် စစ်ကောင်စီ အင်အားဖြည့်
  • မာနယ်ပလောစစ်ဆင်ရေးဦးဆောင်ခဲ့သော တပ်မှူး နှစ်ဦး ကော်သူးလေးရဲစွမ်းသတ္တိဆု ရရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မိုးရေထဲတိုက်ပွဲဝင်နေရသည့် ကရင်နီရဲဘော်တချို့မိုးကာနှင့်ဘွတ်ဖိနပ်ကောင်းကောင်းမရှိ၍ ဖျားနာမှုများရှိနေ
နေ့စဉ်သတင်း

မိုးရေထဲတိုက်ပွဲဝင်နေရသည့် ကရင်နီရဲဘော်တချို့မိုးကာနှင့်ဘွတ်ဖိနပ်ကောင်းကောင်းမရှိ၍ ဖျားနာမှုများရှိနေ

thanlwinkhetBy thanlwinkhetAugust 12, 2023Updated:August 18, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မိုးရေထဲတိုက်ပွဲဝင်နေရသည့် ကရင်နီရဲဘော်တချို့အားမြင်တွေ့ရစဉ်

စစ်ကောင်စီတပ်ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်နေသည့် ဒီးမော့ဆိုမြို့နယ်တွင် မိုးများဆက်တိုက်ရွာသွန်းနေသည့်အတွက် ကရင်နီကာကွယ်ရေးရဲဘော်တချို့ နေမကောင်းဖျားနာမှုများဖြစ်ပွားနေသည်ဟု သိရသည်။

ဒီးမော့ဆိုတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့်မှာဆယ်ရက်ခန့်ရှိနေပြီး ရဲဘော်များမှာ မိုးရေထဲ၌ပင်တိုက်ပွဲဝင်နေကြရသည်ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းA တွဲဖက်ရုံးတာဝန်ခံ အယ်မီးလျာနန်းက ပြောသည်။

” တိုက်ပွဲကဆယ်ရက်လောက်ရှိနေပြီပေါ့နော် မိုးလည်းနေ့တိုင်းရွာတယ် ။ နေလည်မပူဘူး ။ ရဲဘော်တွေရဲ ယူနီဖောင်းဆိုမခြောက်နိုင်ဘူး ။ မိုးရွာထဲမှာပဲတိုက်နေရတယ် ။ မိုးရွာထဲမှာပဲ နေနေရတယ်။ တချို့နေမကောင်းတဲ့ရဲဘော်တွေလည်းရှိတယ်ပေါ့နော် “ ဟု ၎င်းကပြောသည် ။

တိုက်ပွဲများပြင်းထန်နေသည့်အတွက် ခဲယမ်းများမှာ အဓိက လိုအပ်ချက်ဖြစ်နေသော်လည်း ရှေ့တန်းမှရဲဘော်များကို ထမင်းပို့ရာတွင် အသားဟင်းများ ထည့်ပေးချင်သဖြင့် ပြည်သူများ အသားဟင်းတစ်နပ်စာဖြစ်ဖြစ်ပါဝင် ကူညီပေးကြရန်လည်း အယ်မီးလျာနန်းက မေတ္တာရပ်ခံသည် ။

ထို့ပြင်ရဲဘော်များအတွက် မိုးကာအင်္ကျီကောင်းကောင်းနှင့် ဘွတ်ဖိနပ်ကောင်းကောင်းများလည်း ထောက်ပေးနိုင်လျှင်လည်းလိုချင်ဟု ၎င်းကပြောသည် ။

မိုးရေထဲတိုက်ပွဲဝင်နေရသည့် ကရင်နီရဲဘော်တချို့အားမြင်တွေ့ရစဉ်

ကရင်နီပြည်တွင် ပြီးခဲ့သည့်ဇွန်လနောက်ဆုံးအပတ်တွင်းမှစ၍ စစ်ကောင်စီက မြေပြင် ၊ ဝေဟင်တို့မှ အပြင်းအထန်ထိုးစစ်ဆင်နေသောကြောင့် ထိတွေ့တိုက်ပွဲများ ယခုလထဲအထိ နေ့စဥ်ဖြစ်ပွားနေသည်။

ပြင်းထန်တိုက်ပွဲတစ်ခုလျှင် ကျပ်သိန်းရာဂဏန်းမှထောင်ဂဏန်းအထိ ခဲယမ်းအတွက်ကုန်ကျစရိတ်များရှိနေပြီး ခဲယမ်းလိုအပ်ချက်များကို ပြည်သူများ ဝိုင်းဝန်းကူညီပေးကြရန် ကရင်နီတော်လှန်ရေးတပ်များက အကူအညီတောင်းခံထားကြသည်။

သို့သော်လည်း ပြည်သူများ၏ ပါဝင်ကူညီပေးမှုများမှာအားနည်းနေသည်ဟု ကရင်နီဝံပလွေစစ်ကြောင်းနှင့် ကရင်နီ(ကယား)တော်လှန်ရေးတပ်ပေါင်းစု KRU တာဝန်ရှိသူများက ပြောသည်။

ကရင်နီဝံပလွေစစ်ကြောင်းသည် ရန်ပုံငွေအတွက် ကျပ်သိန်း ၁၂၀၀ တန်းဖိုးရှိ ကံစမ်းလက်မှတ်များကို တစ်စောင်လျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် ပြီးခဲ့သောဇွန်လ နောက်ဆုံးပတ်ကတည်းက ရောင်းချနေခဲ့ရာ ယခုလ ၁၁ ရက်အထိ အစောင်ရေ ၃၀၀၀ ကျော်သာ ရောင်းချရသေးသည်ဟု သိရသည်။

ထို့ပြင် ကရင်နီ(ကယား)တော်လှန်ရေးအင်အားစု KRUသည်လည်း အရံအင်အားဖြည့်တင်းနိုင်ရန် ကျည်အတောင့် ၁၀၀၀၀ အတွက် ကျပ်သိန်း ၅၀၀ တန်းဖိုးရှိ ကမ်ပိန်းတစ်ခုကို ပြီးခဲ့သည့်ဇူလိုင် တတိအပတ်ကတည်းက စတင်ထားခဲ့ရာ ယနေ့ သြဂုတ် ၁၂ ရက်ထိ ကျပ်သိန်း ၁၀၀ ပင်မပြည့်သေးပေ ။

” တိုက်ပွဲထိန်းနိုင်ဖို့၊ ကိုယ့်အသက်ကိုထိန်းနိုင်ဖို့ဆိုရင် ကျည်ဆံအပေါ်မှာမူတည်တာပေါ့နော် ။ ကျည်ဆံရှိမှပဲ ကျွန်တော်တို့တိုက်ပွဲကို ထိန်းလို့ရမယ် ။ အဓိက လိုအပ်တာက ကျည်ဆံဆိုပေမယ့် ရဲဘော်တွေအတွက် လိုအပ်ချက်တွေက အများကြီးပဲ ။ ဒီဘက်မှာ မိုးကဆက်တိုက်ရွာနေတော့ ရဲဘော်တွေအတွက် မိုးကာကောင်းကောင်း ၊ ဘွတ်ဖိနပ်ကောင်းတွေလည်း လိုအပ်နေတယ် ” ဟု ကရင်နီဝံပလွေ စစ်ကြောင်းမှူးကပြောသည်။

မိုးရေထဲတိုက်ပွဲဝင်နေရသည့် ကရင်နီရဲဘော်တချို့အားမြင်တွေ့ရစဉ်

ပြီးခဲ့သည့် ဇွန်လအတွင်း၌ ထိုင်း-ကရင်နီနယ်စပ် မယ်စဲ့မြို့နယ်ရှိ တပ်စခန်းများဆုံးရှုံးလိုက်ရပြီးနောက် စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းကို နေရာအနှံ့မှ အပြင်းအထန်ထိုးစစ်ဆင်နေပြီး ကရင်နီပြည်၏စစ်ရေးသည် လက်ရှိနွေဦးတော်လှန်ရေး၏ အဖြေကိုပေးနိုင်သည့်ဘအခြေအနေရှိသောကြောင့် ပြည်သူများဝိုင်းဝန်းကူညီပေးကြရန် KRU တာဝန်ရှိသူ ကိုလင်းလင်းကပြောသည် ။

စစ်ကောင်စီတပ်၏ ထိုးစစ်များကြောင့် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း၌ မယ့်စဲ၊ ဖားဆောင်း၊ ဘောလခဲ၊ လွိုင်ကော်၊ ဒီးမော့ဆို ၊ ရှားတော့၊ မိုးဗြဲ၊ ဖယ်ခုံ နှင့် ကရင်နီ-ကရင်နယ်စပ် ယာဒိုတို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်များအတွင်း၌ စစ်ကောင်စီဘက်က ၁၃၄ ဦးသေဆုံးပြီး သုံးဦးကိုအရှင်ဖမ်းမိခဲ့သည့်အပြင် တပ်စခန်းများနှင့်လက်နက်၊ ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram -> https://t.me/newstlk/1768
YouTube ->  https://youtu.be/Pbe2cix7VKg
Website  ->  https://thanlwinkhet.net/?p=5232
Website  ->  https://eng.thanlwinkhet.net

 

 

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျောက်တံခါးမြို့နယ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်
Next Article ကိုယ်‌ဝန်ဆောင်အမျိုးသမီးကို သတ်သွားသူများအား အမြင့်ဆုံးသေဒဏ်ချမှတ်ပေးရန် တောင်းဆို
thanlwinkhet
  • Website

Related Posts

ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်

July 8, 2025

ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း

July 8, 2025

မာနယ်ပလောစစ်ဆင်ရေးဦးဆောင်ခဲ့သော တပ်မှူး နှစ်ဦး ကော်သူးလေးရဲစွမ်းသတ္တိဆု ရရှိ

July 7, 2025

Leave A Reply Cancel Reply

Recent Posts

  • ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်
  • ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း
  • ထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူ
  • ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ
  • ထိုင်းနိုင်ငံတွင်း အက်ဒမန်ပြည်နယ်များ ဆူနာမီ ဘေးအန္တရာယ်စီမံကိန်း တိုးမြှင့်ရန် ညွှန်ကြား

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်

ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း

ထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူ

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်

July 8, 2025

ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း

July 8, 2025

ထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူ

July 8, 2025

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ

July 8, 2025

ထိုင်းနိုင်ငံတွင်း အက်ဒမန်ပြည်နယ်များ ဆူနာမီ ဘေးအန္တရာယ်စီမံကိန်း တိုးမြှင့်ရန် ညွှန်ကြား

July 8, 2025

စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းကြဲချ၊ ကလေးငယ်များအပါအဝင် သေဆုံးမှုများရှိ

July 7, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.