ဇွန် ၆ ၊ ၂၀၂၃။
သံလွင်ခက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အဝင် နမ္မတူတံတားတွင် ကင်းစောင့်စောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အမည်မသိလက်နက်ကိုင်တစ်စုတို့အကြား ယမန်နေ့က ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည်။
အမည်မသိလက်နက်ကိုင်တစ်စုက ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို RPG အဝေးပစ်လက်နက်နှင့်ပစ်ရန် ချိန်ရွယ်နေစဉ် စစ်ကောင်စီဘက်က လက်ဦးမှုယူကာ ပြန်လည်ပစ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးကပြောသည်။
၎င်းက “ကျနော် သိရသလောက်တော့ အဲ့တံတာနားမှာ ကင်းစောင့်နေသူတွေကို RPGနဲ့ ပစ်ဖို့ချိန်နေတဲ့အချိန်မှာ စစ်ကောင်စီဘက်က အရင်ပြန်ပစ်တယ်။ RPGနဲ့ ကျည်ဆံတစ်ချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ကြားတယ်” ဟုပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီနောက် အမည်မသိလက်နက်ကိုင်တစ်စုသည် ကောင်းဟော်ကျေးရွာဘက် ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ၎င်းကဆက်ပြောသည်။
ဇွန်လ ၂ ရက်နေ့ကလည်း သိန္နီမြို့နယ် ပြင်းတောင်ရွာတွင် စစ်ကောင်စီနှင့် မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1342
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4970
Website ->https://eng.thanlwinkhet.net