သံလွင်ခက်
မေ ၂၈ ၊ ၂၀၂၃ ။
ကရင်နီပြည်ရှေ့တန်းတစ်နေရာတွင် စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Medic Unit ဆေးတပ်ဖွဲ့မှဆေးမှူးရဲမေတစ်ဦးကျဆုံးခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အသက် ၁၇ နှစ်အရွယ်ရှိ ဆေးမှူး ကယ်ရိုလိုင်းခိုလင်းသည် ယမန်နေ့ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု၌ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒီးမော့ဆို ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
တိုက်ပွဲများကြားတွင် ထိခိုက်ရဲဘော်များကို ကယ်ထုတ်ပြီး ဆေးဝါးကုသမှုများ ပြုလုပ်နေသည့် ဆေးမှူး ကယ်ရိုလိုင်းခိုင်လင်းသည် Medic Unit ဆေးဖွဲ့ကို စတင်ရောက်ရှိလာချိန်၌ အသက် ၁၆ နှစ်ပင်မပြည့်သေးကြောင်းနှင့်ရှစ်တန်းဖြင့်ကျောင်းနားထားသူဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့ညပိုင်းက လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလောတွင် လုံခြုံရေး အခြေအနေအရ ဖြေကြားပေးရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၄ရက် ညပိုင်း၌လည်းလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
ပုံစာ–ယမန်နေ့ညပိုင်းတွင် ကျဆုံးသွားခဲ့သည့်
Medic Unit ဆေးတပ်ဖွဲ့မှ ဆေးမှူး ကယ်ရိုလိုင်းခိုင်လင်း ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1221
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4639
Website ->https://eng.thanlwinkhet.net