သဇင်
မတ် ၃၀ ၊၂၀၂၃။
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်တွင် အမျိုးသား ၂ ဦးထက်ပို ဆိုင်ကယ်စီးသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများရှိသည်ဟု ဒေသခံများထံမှသိရသည်။
မတ်လ ပထမပတ်မှ စတင်ကာ ည ၆ နာရီနောက်ပိုင်း အမျိုးသား၂ဦးထက် ပိုစီးသူများကို ဖမ်းဆီးမှုများရှိလာသည်ဟု အသက် ၄၀ အရွယ် ဒေသခံတစ်ဦးကပြောသည် ။
“အစပိုင်းတုန်းက ကင်းလှည့်တဲ့ အချိန်တွေ့တာမျိုးရှိရင် ဖမ်းဆီးတာ၊အခုရက်ပိုင်းကျတော့ တမင်စောင့် ဖမ်းလာတာတွေ့ရပါတယ်။အဓိက ကတော့ လူငယ်တွေကိုဖမ်းနေတာ“ဟု ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အား အရှိန်မြင့်လာသည်နှင့်အမျှ စစ်ကောင်စီကလည်း ဆက်တိုက် ဖိနှိမ့်မှုများလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီက လူငယ်များကို အဓိကထား ဖမ်းဆီးပြီး မိသားစုများထံက ငွေတောင်းယူမှုများလည်းရှိသည်ဟုဒေသခံများက ပြောသည်။
ပုံစာ–စစ်ကိုင်းမြို့တွင် ဆိုင်ကယ်မောင်းနှင်နေသူများမြင်ကွင်း။
Photo-Crd