မတ် ၂၉ ၊ ၂၀၂၃ ။
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု ယနေ့တွင်တောင်ပိုင်းတိုင်းစစ်ဒေသက ဖော်ပြထားသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
စာမေးပွဲဖြေဆိုသည့် ကာလအတွင်းတွင်လည်း ဝင်ရောက်ဖြေဆိုသည့် ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများအတွက် လုံခြုံရေးနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများကို စနစ်တကျစုဖွဲ့ပြင်ဆင်ထားရှိခဲ့ပြီး နယ်မြေခံ စစ်ကြောင်းမှ PDF ရဲဘော် များက တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ စာမေးပွဲဖြေဆိုပြီးနောက်နေ့တွင် စာသင်ကြားပေးသည့် ဆရာ၊ ဆရာမ များနှင့် တာဝန်ရှိသူများကို ဦးညွှတ်ကန်တော့ခဲ့ကြပြီး အကျွေးအမွေးအစီအစဉ်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များ၏ ပညာသင်ယူမှု အခွင့်အရေးကို မဆုံးရှုံးစေရန်နှင့် လူငယ်များ၏ ပညာ သင်ယူလိုစိတ် မပျောက်စေရန်အတွက် ရည်ရွယ်၍ စာမေးပွဲကျင်းပကျင်းခြင်းဖြစ်သည်။
ဓာတ်ပုံ – ရဲဘော်စတုန်း
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3206
Website ->https://eng.thanlwinkhet.net