ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် သပြေကြီးစုရွာ အုပ်ချုပ်ရေးမှူးအား ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။
မော်ကြီး(ခ)မော်ဝင်းအမည်ရ ရွာအုပ်ချူပ်ရေးမှူးကို သပြေကြီးစုရွာနှင့် ဇီးကုန်းလေးရွာအကြား လမ်းမပေါ်တွင်နံနက်၁၁နာရီခွဲဝန်းကျင်၌ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ပေါင်းတည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်းတာဝန်ခံရဲဘော်က သံလွင်ခက်ကိုပြောသည်။
“သေနတ်လေးချက်ပစ်ခဲ့တာ ပွဲချင်းပြီးသေသွားတယ် တပ်ခွဲ၅ နွေဦးအဖွဲ့ကနေမစ်ရှင်လုပ်ခဲ့တာ“ဟု ၎င်းကဆိုသည်။
မော်ကြီး(ခ)မော်ဝင်းဆိုသူသည် ယခင်က ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး အုပ်ချူပ်ရေးမှူးဖြစ်လာချိန်တွင်ရွေးကောက်ပွဲပြုလုပ်ရန်အတွက် အိမ်ထောင်စုစာရင်းများလိုက်လံကောက်ခံပေးခြင်း၊ လောင်းကစားဝိုင်းများကိုလစဥ်ကြေးများကောက်ခံပေးခြင်းများ ကောက်ခံပေးနေသူတစ်ဦးဖြစ်သည်ဟုဆိုသည်။
“ပြည်သူတွေကို စိတ်ဒုက္ခအမျိုးမျိူးပေးနေလို့ ရှင်းလင်းသုတ်သင်လိူက်တာ“ဟု တာဝန်ခံရဲဘော်ကပြောသည်။
ယခင်သပြေကြီးစုရွာအုပ်ချုပ်ရေးမှူးဟောင်း မြဟန်ကိုလည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သုတ်သင်ရှင်းလင်းခဲ့သည်ဟု သိရသညိ။