• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
  • ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
  • ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မင်းတပ် CDF ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီယနေ့ထပ်မံ ဗုံးကြဲ ၊ ယခုလအတွင်း ၈ ကြိမ်အထိရှိလာ
နေ့စဉ်သတင်း

မင်းတပ် CDF ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီယနေ့ထပ်မံ ဗုံးကြဲ ၊ ယခုလအတွင်း ၈ ကြိမ်အထိရှိလာ

thanlwinkhetBy thanlwinkhetJanuary 23, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မင်းတပ် CDF ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီယနေ့ထပ်မံ ဗုံးကြဲ ၊ ယခုလအတွင်း ၈ ကြိမ်အထိရှိလာ
***********************************

ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ထား၍ လေကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေရာ ယနေ့တွင်လည်း တိုက်လေယာဥ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၁၁ နာရီခန့်တွင် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအတွင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၂၁ ရက်၊ ညသန်းခေါင်ယံအချိန်တွင် အဆိုပါကျေးရွာကို စစ်ကောင်စီတပ်က ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ယနေ့နေလည်ပိုင်း၌ ၃ ကြိမ် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ် CDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယခုလအစပိုင်း၌ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို ဖုန်းလိုင်းများဖြတ်တောက်၍ CDF-Mindat ထိန်းချုပ်နယ်မြေများအတွင်းရှိ အပြစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ ဂျက်ဖိုက်တာလေယာဉ်များဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်းကို ယခုလဇန်နဝါရီ ၇ ရက်၊ ည ၁၁း၀၀ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၈ ရက် နံနက် ၀၈း၀၀ နာရီခန့်တွင် ၁ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၃ ရက်တို့၌ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လာရာ ယနေ့နေ့လည်ပိုင်းအထိ ဗုံးကြဲတိုက်ခိုက်မှု ၈ ကြိမ်အထိရှိလာနေပြီဟု သိရသည်။

ယနေ့ နေ့လည်ပိုင်းဗုံးကြဲတိုက်ခိုက်မှု၌ ထိခိုက်ပျက်စီးမှုအခြေအနေကို ဖုန်းလိုင်းအခက်အခဲများကြောင့် မသိရှိရသေးသော်လည်း ၂၁ ရက်နေ့ညပိုင်းဗုံးကြဲချမှု၌ နေအိမ်များပျက်စီးခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာများ ရခဲ့သည်။

ယမန်နေ့နံနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသော ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးများဖြင့် ၅ ချက်ဆက်တိုက် ဝမ္မသူးကျေးရွာကို ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်သည် ယခုလအတွင်း၌ မင်းတပ်မြို့နယ်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲမှုများအပါအဝင် မြေပြင်မှလည်း စစ်ကြောင်းထိုး၍ တိုက်ခိုက်နေရာ ဇန်နဝါရီလ ၁၀ ရက်တွင်လည်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လီလောင်းရွာအတွင်းရှိ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။

ပုံစာ – ဇန်နဝါရီလ ၂၁ ရက်ညပိုင်းတွင် စွန်တောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု၌ ပျက်စီးမှုများ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
တိုက်ပွဲသတင်း နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleလက်နက်ကြီးကျရောက်မှုကြောင့် ဒီးမော့ဆို၌ ကလေးငယ် ၂ ဦး အပါအဝင်စစ်ရှောင်မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရ
Next Article အုပ်ချုပ်ရေးမှူးရုံးအနီးရှိစားသောက်ဆိုင်မှလူများရိုက်နှက်ဖမ်းဆီးမှုကြောင့် ရန်ကုန်UGတစ်ဦး ကျဆုံး
thanlwinkhet
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

မြန်မာပြည်သူ သုံးဦးမှာ တစ်ဦး အငတ်ဘေးဒဏ်ကြုံနေရ

September 6, 2025

သာလွန်အင်အားဖြင့် ကော့ကရိတ် – သင်္ကန်းညီနောင်အာရှလမ်းကို စစ်ကောင်စီ ထိုးဖောက်

September 6, 2025

Leave A Reply Cancel Reply

Recent Posts

  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

September 14, 2025

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

September 13, 2025

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

September 13, 2025

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

September 13, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.