![]()

သံလွင်ခက်/ဖေဖော်ဝါရီ ၂၈။
KNU ထိန်းချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ခုနစ်လုံး ပျက်စီးသွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းကာ လေပြင်းများ တိုက်ခတ်ခဲ့သည်။ ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် ခလယ်လွီထူခရိုင်ရှိ တောင်ခင်ကျေးရွာမှ နေအိမ် ငါးလုံးနှင့် ကြိတ်ကွင်းကျေးရွာမှ နေအိမ် နှစ်လုံး ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်ကလည်း လယ်ဒိုမြို့နယ်အတွင်းရှိ ကျောင်းကုန်းကျေးရွာကို စစ်ကော်မရှင်၏ ခမရ ၂၀ တပ်ရင်းက ပါရာမော်တာဖြင့် ဗုံးသီး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လေးလုံးလည်း ထိမှန်ပျက်စီးခဲ့သေးကြောင်း သိရသည်။

Photo crd –
#လယ်ဒို #လေပြင်းတိုက်ခတ်မှု #နေအိမ်၇လုံး #ပျက်စီး #ThanLwinKhetNews
