![]()
(၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ဒူးပလာယာခရိုင် အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၀၄ ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ အမိန့်အမှတ် ၁/၂၀၂၆ အရ ကော်သူးလေ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၈ (ခ၊ ဂ) တို့ကို ကျင့်သုံး၍ ယခုကဲ့သို့ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်သည်။
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ အမိန့်အမှတ် ၁/၂၀၂၆ အရ ကော်သူးလေ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၈ (ခ၊ ဂ) တို့ကို ကျင့်သုံး၍ ယခုကဲ့သို့ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်သည်။
လွတ်မြောက်လာသူများထဲတွင် အကျဉ်းသား ၉၂ ဦး နှင့် အကျဉ်းသူ ၁၂ ဦး ပါဝင်သည်ဟု KNU က ထုတ်ပြန်သည်။
သို့သော် လွတ်ငြိမ်းခွင့်ပြုရာတွင် အမှုတိုင်းကို ခွင့်ပြုခြင်းမဟုတ်ဘဲ မုဒိမ်းလူသတ်မှု၊ မုဒိမ်းမှုနှင့် ထောင်ဒဏ် ၇ နှစ်အထက် ချမှတ်ခံထားရသည့် မူးယစ်ဆေးဝါးမှု ကျူးလွန်သူများကိုမူ ချွင်းချက်အနေဖြင့် ထည့်သွင်းခြင်းမပြုကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကြီးများတွင် အကျုံးမဝင်ဘဲ ထောင်တွင်းကျန်ရှိနေဦးမည့် အကျဉ်းသားများအတွက်လည်း ပြစ်ဒဏ်လျှော့ပေါ့မှုများ ပြုလုပ်ပေးခဲ့သည်။

ထိုသူများအတွက် ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်တစ်နှစ်လျှင် ၃ လနှုန်းဖြင့် လျှော့ရက်ခံစားခွင့်ပြုရန် သတ်မှတ်ပေးခဲ့သလို၊ ယခင် လွတ်ငြိမ်းခွင့်အမိန့်ဟောင်းများကြောင့် ပြစ်ဒဏ်ကျခံရန် ကျန်ရှိနေသူများကိုလည်း ယခုအမိန့်ဖြင့် တစ်ပါတည်း လွှတ်ပေးခဲ့သည်။
ယခုလွှတ်ပေးခြင်းသည် အပြီးသတ်လွတ်ငြိမ်းခြင်းမျိုးမဟုတ်ဘဲ စည်းကမ်းချက်ဖြင့် လွှတ်ပေးခြင်း (Conditional Release) ဖြစ်သည်။

လွတ်မြောက်လာသူများအနေဖြင့် ပြင်ပတွင် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ အသစ်ကျူးလွန်သည့်ပြစ်ဒဏ်နှင့်အတူ ပေါင်းစပ်ကျခံရမည်ဖြစ်ကြောင်း ကေအဲန်ယူ အကျဉ်းဦးစီးဌာနက သတိပေးထားသည်။
ကေအဲန်ယူ၏ ပြည်ထဲရေးနှင့် သာသနာရေးဌာန၊ အကျဉ်းဦးစီးဌာနက ကြီးမှူးသည့် ယင်းလွတ်ငြိမ်းသက်သာခွင့်ပေးအပ်ပွဲ အခမ်းအနားကို ဒူးပလာယာခရိုင်အတွင်းရှိ အကျဉ်းထောင်တစ်ခု၌ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

Photo crd – KNU – Dooplaya District