![]()
မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည့် တပ်စိပ်မှူးနှင့် ရဲဘော်တို့၏ စျာပနအခမ်းအနားကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့သည်ဟု သိရသည်။ကျဆုံးခဲ့သူများမှာ MSRF တပ်စိပ်မှူး ရဲဘော်ဖြိုးနှင့် ရဲဘော်အမတတို့ဖြစ်ကြပြီး ၎င်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နေ့လည် ၃ နာရီအချိန်တွင် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ရဲဘော်နှစ်ဦး၏ စျာပနကို ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နေ့လည် ၁ နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်က အမိန့်ပြန်တမ်း ဖတ်ကြားခဲ့ပြီး မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ စျာပနအခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများဖြစ်သည့် ရေးပြောက်ကျားတပ် (YGF) နှင့် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ ရာမညမွန်တပ်တော် (RMA)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မော်လီကျူးဒရုန်းတပ်ဖွဲ့နှင့် Nonentity Coach မှ တာဝန်ရှိသူများနှင့် ရဲဘော်များ တက်ရောက်ကာ ဦးညွတ်အလေးပြုခဲ့ကြသည်ဟု သိရသည်။

Photo – Mon State Federal Council – MSFC
#မွန်တပ်ဖွဲ့ဝင် #ဈာပန #ThanLwinKhetNews
