![]()

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူးခရိုင်(ညောင်လေးပင်ခရိုင်)၊ လယ်ဒိုမြို့နယ် (ကျောက်ကြီး)၊ ထိုပွားစိုး (လိမ်ပင်)ကျေးရွာကို ယမန်နေ့ (ဒီဇင်ဘာ ၁၀) ရက်နေ့တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းနေ့သည် နိုင်ငံတကာတွင် အလေးထားကျင်းပလေ့ရှိသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ၇၇ နှစ်ပြည့်နေ့ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အသက် (၄၆) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
၎င်းနေ့ညပိုင်းတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကို ည ၉ နာရီ ၁၃ မိနစ်ခန့်တွင် စစ်အုပ်စုက ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသမှုခံယူနေသော လူနာများနှင့် လူနာစောင့်များ၊ စေတနာ့ဝန်ထမ်းများအပါအဝင် ၃၄ ဦးသေဆုံးခဲ့သည်။
ဓါတ်ပုံ – Karen Peace Support Network

#ခလယ်လွီထူး #စစ်အုပ်စု#လေကြောင်းဗုံးကြဲ #ThanLwinKhetNews
