![]()

ITJ08
ယမန်နေ့( အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့)ညပိုင်းတွင် စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံရသော မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ဆေးကုသမှု လာရောက်ခံယူနေသော မူဆလင်မိသားစုလိုက်သေဆုံးခဲ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
အဆိုပါ ဗုံးကြတိုက်ခိုက်ခံရမှုတွင် ဆေးရုံ၌ လာရောက်ဆေးကုသမှုခံယူနေသော ပေါက်တော်မြို့နယ်၊ ဆင်တက်မော်ရွာဒေသခံ အသက် ၅၁ နှစ်အရွယ် ဦးအာဒူဇော်လီ၊ အသက် ၄၇နှစ်အရွယ် ဟာဆီနှင်း၊ ၎င်းတို့၏ ချွေးမတော်စပ်သူနှင့် ၃ လသားအရွယ်မြေးငယ်တို့ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်ဟု စစ်ဘေးရှောင်အရေးလုပ်ဆောင်သူ စာရေးဆရာဝေဟင်အောင်က ပြောသည်။
“ဒီဆေးရုံဟာ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူတွေကို ဆေးကုသပေးနေတဲ့ နေရာဖြစ်ပါတယ်။သေဆုံးသူ နောက်ထပ် တစ်ဦးတိုးလာတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၃၄ဦးရှိပါပြီ”ဟု ၎င်းက ပြောသည်။

အဆိုပါ မြောက်ဦး ခရိုင်ပြည်သူ့ဆေးရုံသို့ အာဏာသိမ်းစစ်အုပ်စုက ယမန်နေ့ည ၉ နာရီ ၁၃ မိနစ်အချိန်တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၎င်းဖြစ်စဉ်တွင် အမျိုးသား ၁၆ဦး၊ အမျိုးသမီး၁၇ ဦး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူတစ်ဦးမှာ ယနေ့တွင် ထပ်မံသေဆုံးခဲ့သည်။
ဓါတ်ပုံ – ခင်သရဖီဦး၊ WHA
#မြောက်ဦးဆေးရုံ #ဗုံးကြဲခံရမှု #မူဆလင်မိသားစု #ThanLwinKhetNews
