• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပြည်တွင်းသတင်း»တိုင်းရင်းသားဒေသများတွင် အမျိုးသမီး အကြမ်းဖက်ခံရမှု မြင့်တက်လာ
ပြည်တွင်းသတင်း

တိုင်းရင်းသားဒေသများတွင် အမျိုးသမီး အကြမ်းဖက်ခံရမှု မြင့်တက်လာ

thanlwinkhetBy thanlwinkhetJanuary 17, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တိုင်းရင်းသားဒေသများတွင် အမျိုးသမီး အကြမ်းဖက်ခံရမှု မြင့်တက်လာ
***************

ဇန်နဝါရီ ၁၇၊၂၀၂၃။

အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် အမျိုးသမီး အကြမ်းဖက်ခံရမှု ဖြစ်စဉ်များ မြင့်တက်လာသည်ဟု ကူညီသူများက ပြောသည်။

ကျူးလွန်သူများတွင် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့် ဖခင်၊ အိမ်ထောင်ဘက်၊ ချစ်သူရည်းစား၊ ဆွေမျိုးနီးစပ်သူများနှင့်လက်နက်ကိုင်ထားသူများပါဝင်သည်ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

” အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေ ပိုပြီးအကြမ်းဖက်ခံရတယ်။ဘာလို့ဆို ကျူးလွန်တဲ့သူကို အပြစ်ပေးတဲ့ ယန္တရားက ကောင်းကောင်းအလုပ်မလုပ်တော့တဲ့အတွက်ပေါ့နော်၊ အထူးသဖြင့် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူရမယ့်သူတွေကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေတဲ့သူဖြစ်နေတဲ့အခါမှာ ပိုဆိုးသွားတယ် ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင်လည်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ အများဆုံးကြုံရသည်ဟု ကယားပြည်နယ် စစ်ဘေးရှောင် အမျိုးသမီးများ ကူညီသူတစ်ဦးက ပြောသည်။

” လက်ရှိကတော့ အမျိုးသမီးအပေါ်အကြမ်းဖက်ခံရတဲ့ ကိစ္စတွေမှာဆိုရင် လုပ်နိုင်သလောက် ကာကွယ်နိုင်သလောက် အရပ်ဘက်အဖွဲ့အစည်းတွေ အကျိုးအမြတ်မယူဘဲ လုပ်ပေးနေတဲ့အဖွဲ့တွေကနေပဲ လုံခြုံရေး တင်းကြပ်မှုတွေကြားထဲကနေ လုပ်နေကြရတာပေါ့ ” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကလေးငယ်များမှ စတင်ကာ အသက် ၆၀ ကျော် အဘွားများအထိ ကျူးလွန်ခြင်းကို ခံနေရသည်ဟု မြန်မာအမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားသူတစ်ဦးက ဆိုသည်။

” အသက်အရွယ် အစုံဘဲကြုံတွေ့ကြရတယ်။ အသက် (၆၀) အရွယ်အဘွားလည်း တိုင်လာတာဘဲ၊ ပြီးတော့ အသက် ၅ နှစ်ကလေးဆိုရင်လည်း ပထွေးကနေ မုဒိမ်းကျင့်တာမျိုး၊ အသက် ၂၀ ကျော် အိမ်ထောင်သည် အမျိုးသမီးတွေ ဆိုရင် လည်း အိမ်တွင်းအကြမ်းဖက်မှုခံရတယ်၊ အသက်အရွယ်ထက် အမျိုးသမီးတော်တော်များ ဒီပြဿနာတွေကြုံနေကြရတယ် ” ဟု ၎င်းက ပြောသည်။

လတ်တလောကာလတွင် အမျိုးသမီးအနေဖြင့် တရားဥပဒေ၏ အကူညီ ရယူနိုင်ခြင်း မရှိဟု ကူညီသူများက ပြောသည်။

“ အာဏာသိမ်းထားတော့ ဘယ်သူ့ကို တိုင်ရမယ်ဆိုတာမျိုး သူတို့လက်လှမ်းမှီဖို့ အရမ်းခက်ခဲပါတယ်။ အခုက အထူးသဖြင့် လက်နက်ကိုင်တွေကနေ ကျူးလွန်တဲ့ အကြမ်းဖက်မှုဆိုရင် ဖြေရှင်းလို့ တရားမျှတမှုက အရမ်းလှမ်းဝေးသွားပြီ ” ဟု ကချင်ပြည်နယ်မှ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

အမျိုးသမီး အကြမ်းဖက်ခံရမှုများကို အရေးယူနိုင်ရန် အမျိုးသားများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်သင့်သည်ဟု လူ့အခွင့်အရေးနည်းပြ အမျိုးသားတစ်ဦးက ပြောသည်။

” မဖြစ်အောင်ဆိုရင် အရေးကြီးဆုံးက ကိုယ်တိုင်က အကြမ်းဖက်မှုကို အားပေးတဲ့သူမဖြစ်ဖို့လိုသလို ကိုယ်တိုင် အကြမ်းဖက်မှုကို ကျူးလွန်တဲ့သူမဖြစ်ဖို့လိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီကနေ စပြောင်းလဲနိုင်ရင် အကောင်းဆုံးပါ ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လက်နက်အဖြစ် အသုံးပြုမှုများ တိုးလာပြီး ကျူးလွန်သူများကို အရေးယူ အပြစ်ပေးမှု မရှိသည့်အတွက် ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် အညီ နိုင်ငံတကာက အရေးယူ ဆောင်ရွက်ပေးရန် မြန်မာအမျိုးသမီးရေးလှုပ်ရှားသူများက ကုလသမဂ္ဂထံ တင်ပြ တောင်းဆိုထားသည်။

ပုံစာ – အမျိုးသမီး အကြမ်းဖက်မှုများရပ်တန့်ရန် ဆန္ဒထုတ်ဖော်နေသည့်မြင်ကွင်း။
Photo – MWYC

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleမွေးဖွားသူထက် သေဆုံးသူ ပိုများခဲ့သဖြင့် တရုတ်နိုင်ငံ၌ လူဦးရေလျော့ကျမှု နှစ်ခြောက်ဆယ်အတွင်း ပထမဆုံးဖြစ်ပေါ်
Next Article နှစ်ဆင့်ကွဲအမြောက်ဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ တစ်ဦးသေဆုံး၍ နှစ်ဦးပြင်းထန်ဒဏ်ရာရ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.