

အောက်တိုဘာ ၆ ရက်တွင် တပ်ဖွဲ့တည်ထောင်ခြင်း ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော 96 Soldiers – PDF အဖွဲ့၏ တပ်နှစ်ပတ်လည်နှင့် စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို မဟာမိတ်ဒေသတွင် ပြုလုပ်ခဲ့သည်ဟု မြင်ကွင်းဓါတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။


96 Soldiers – PDF တပ်ဖွဲ့သည် ယခင်က တောင်ပိုင်းတိုင်းစစ်ဒေသ၌ ကျားဖြူတပ်ခွဲ(၂)အဖြစ်တည်ရှိခဲ့ပြီးနောက် အညာဒေသတပ်ခွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင် ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။
လက်ရှိအချိန်တွင် 96 Soldiers – PDF တပ်ဖွဲ့သည် မဟာမိတ်တပ်များနှင့် ချိတ်ဆက်ကာ အာဏာသိမ်းစစ်တပ်ကို တွန်းလှန်တိုက်ပွဲဝင်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
ဓါတ်ပုံ – 96 Soldiers – PDF
#96SoldiersPDF #တပ်သက်တမ်း၄နှစ်ပြည့် #စစ်သင်တန်းဆင်းပွဲ #ThanLwinKhetNews


