ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို အောက်တိုဘာလ ၈ ရက်၊ ည၇ နာရီအချိန်တွင် စစ်တပ်က လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင်း ကလေးငယ်များအပါအဝင် ဒေသခံများသေဆုံးခဲ့ရသည်ဟု ကနဦးသိရှိရပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
စစ်ကော်မရှင်သည် အောက်တိုဘာ ၄ ရက်တွင်လည်း မင်းတပ်မြို့အနောက်ရပ်ကွက်ရှိ ဟုန်းဟုန်းဟိုတယ်အား ဂျက်ဖိုက်တာ ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်သည်။
အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ဗုံတိုရွာကို စစ်တပ်က စက်တပ်လေထီးနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပွဲကျင်းပရာ ကွင်းထဲရှိ ဒေသခံ ၂၀ ကျော် သေဆုံးပြီး ဒေသခံ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓါတ်ပုံ – အောက်တိုဘာ ၄ ရက်တွင်ဗုံးကြဲတိုက်ခိုက်ခံရသော မင်းတပ်မြို့၊ ဟုန်းဟုန်းဟိုတယ်
#မင်းတပ်မြို့တွင်းရွာနှစ်ရွာ #ညပိုင်းအချိန်ဗုံးကြဲ #ThanLwinKhetNews
