နန်းဆုပန်ခန့်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း တပ်မ ၂၂ လက်အောက်ခံ ပြည်သူ့စစ် သုံးဦးသည် လက်နက်နှင့်အတူ အလင်းဝင်လာသည်ဟု မြေပြင်သတင်းရင်းဖြစ်များထံမှ သိရသည်။
ယနေ့ ဗျူဟာ ၃၂ ထံ အလင်းဝင်လာသည့် ပြည်သူ့စစ် သုံးဦးစလုံး ကိုင်ဆောင်ထားသည့် သေနတ်များသည် MA – 1 အမျိုးအစားဖြစ်သည်။
မြေပြင်အရာရှိတစ်ဦးက “ဒီလိုအလင်းဝင်လာတဲ့ သူတွေကျတော့ သူတို့ သွားချင်တာ၊ လာချင်တာ၊ လုပ်ချင်တာတွေကို ဖြစ်သင့် မဖြစ်သင့် စဥ်းစားပြီးတော့ လိုက်လျောပေးမှာပေါ့နော်။ ဒါပေမယ့်ဖမ်းမိတဲ့သူတွေကိုကျတော့ စစ်သုံ့ပန်းဥပဒေအတိုင်း အရေးယူဆောင်ရွက်မှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပြည်သူ့စစ်တစ်ဦး MA – 1 သေနတ်နှင့်အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO ထံ အလင်းဝင်ခဲ့သေးသည်။
လက်ရှိတွင် ကရင်ပြည်နယ်အတွင်း လေးကေ့ကော်မြို့ရပ်ကွက်အချို့ကို စစ်တပ်ဘက်မှ ပြန်လည်ထိန်းချုပ်ထားသည်ကို ဓာတ်ပုံများနှင့်တကွ လူမှုကွန်ယက်တွင် တွေ့ရသည်။
#တပ်မ၂၂ #ပြည်သူ့စစ်၃ဦး #လက်နက်နှင့်အလင်းဝင် #ThanLwinKhetNews
