ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားသည့် မြိတ်ထားဝယ် ခရိုင် အတွင်းက ကစယ်ဒိုမြို့နယ်က ထီးမဲ့ဘော (သဲချောင်းကြီး) ကျေးရွာ အတွင်းသို့ စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၆ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU မှ သတင်းထုတ်ပြန်သည်။

ဗုံးဒဏ်ကြောင့် ဒဏ်ရာရရှိသူများမှာ ထီးမဲ့ဘော (သဲချောင်းကြီး) ကျေးရွာမှ အသက် ၉၁ နှစ်အရွယ် ဒေါ်ကျင်အေး၊ အသက် ၅၀ အရွယ် ဒေါ်မာမာ၊ အသက် ၅၈ နှစ်အရွယ် ဦးစိုးနှင့် အသက် ၁၀ နှစ် အရွယ် မသီရိနိုင်တို့ဖြစ်သည်။
ထို့အပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ် နှစ်ဦးလည်း ပျက်စီးသွားသည်ဟု KNU မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်တွင်လည်း ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ် တောင်ပျောက်ကျေးရွာ အုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလည်သည့် စစ်တပ်မှ ကျောက်လှေကားကျေးရွာရှိ ဒေသခံများ၏ နေအိမ် ၇၃ လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်။