ယမန်နေ့ အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသူ အသက် ၁၇ နှစ်အရွယ် မောင်အောင်ငြိမ်းဖြိုးမှာ ယနေ့နံနက်အစောပိုင်းတွင် သေဆုံးခဲ့ရသည်ဟု အာရက္ခတပ်တော်(AA)ကသတင်းထုတ်ပြန်သည်။
သေဆုံးသူ မောင်အောင်ငြိမ်းဖြိုးမှာ Grade 11 တွင်ပညာသင်ယူနေသော ကျောင်းသားတစ်ဦးဖြစ်ပြီး ဗုံးကြဲခံရသော သရက်တပင်ဒေသခံကလေးငယ်တစ်ဦးဖြစ်သည်ဟု အေအေက သတင်းထုတ်ပြန်ထားသည်။
စစ်ကော်မရှင်၏ ယမန်နေ့ အကြမ်းဖက်လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံးသူအရေအတွက်မှာ စုစုပေါင်း လူဦးရေ ၂၀ ဦးအထိ ရှိသွားပြီဖြစ်သည်။
ဓါတ်ပုံ – ထပ်မံသေဆုံးခဲ့ရသော မောင်အောင်ငြိမ်းဖြိုး(AA)