မြန်မာဈေးသည်များ နှစ်ရက်ဆက်တိုက် ရန်ဖြစ်ပြီးနောက် မဲဆောက်ဈေးကို ထိုင်းအာဏာပိုင်အဖွဲ့စုံက ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုသို့ ထိုင်းအာဏာပိုင်အဖွဲ့စုံမှ ဝင်ရောက်စစ်ဆေးပြီး လမ်းမပေါ်တွင် ကျူးကျော်ရောင်းချနေသူများအား ပစ္စည်းများ သိမ်းဆည်းသည့်အပြင် လူကိုပါ ဖမ်းဆီးအရေးယူခြင်းများ လုပ်ဆောင်နေသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ စစ်ဆေးခြင်းများ လုပ်ဆောင်ရန်လည်း မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးမှ မဲဆောက်ခရိုင်ရဲတပ်ဖွဲ့နှင့် မဲဆောက်မှ အာဏာပိုင်အဖွဲ့အစည်းများကို ညွှန့်ကြားထားသည်ဟု သိရသည်။
ယမန့်နေ့ကလည်း မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ လုံခြုံရေးဆိုင်ရာ လက်ထောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မဲဆောက်ရဲတပ်ဖွဲ့၊ အလုပ်အကိုင်ရှာဖွေရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ထိုင်းအာဏာပိုင်အဖွဲ့စုံက မဲဆောက်ဈေးအား ဝင်ရောက်စစ်ဆေးခဲ့ပြီး လမ်းဘေးဈေးသည် မြန်မာလူမျိုး ၇ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထားကာ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် အရေးယူရန် ဆောင်ရွက်နေသည်ဟုလည်း သိရသည်။
Photos crd – รอบทิศ News
#မဲဆောက်ဈေး #ထိုင်းအာဏာပိုင် #ထပ်မံစစ်ဆေး #ThanLwinKhetNews




