• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ
  • AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်
  • DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
  • ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
  • NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်
  • မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း
  • မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား
  • ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
ပင်မစာမျက်နှာ

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

thanlwinkhetBy thanlwinkhetAugust 23, 2025No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ခင်သရဖီဦး
ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေအုပ်စု၊ ထန်းရှောက်ခံ ရခိုင်အခေါ် (တန်းလျှောက်ခံ) ရွာတွင် တိုက်ပွဲအတွင်း ကျေးရွာသား မူဆလင်ရာနှင့်ချီအား အာရက္ခတပ်တော် AA က သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်းနှင့် ကျေးရွာသားများမှာလည်း ရာနှင့်ချီ ပျောက်ဆုံးမှုမရှိဟု ထန်းရှောက်ခံ ရွာသားများက ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မေလ ၂ ရက်တွင် စစ်ကောင်စီတပ်သားများက ကျေးရွာထဲသို့ စတင်ဝင်လာခြင်းဖြစ်ကာ ထန်းရှောက်ခံ မူဆလင်ကျေးရွာသားများမှာ ကျေးရွာအတွင်းမှ ထွက်ပြေးသွားသည့်အတွက် ယင်းကဲ့သို့ သေဆုံးမှု မရှိကြောင်း ထန်းရှောက်ခံကျေးရွာမှ အုပ်ချုပ်ရေးမှုး ဆွေယော်နော်ဘီက ဆိုသည်။
”ဒီအရိုးစုတွေက ဗမာစစ်သားအရိုးတွေ ဖြစ်ပါတယ်။ သူတို့ ၂ ရက်နေ့မှာ တပ်သား ၁၀၀ ကျော် ဝင်လာပါတယ်။ ရွာတောင်ပိုင်းမှာ ရောက်ပါတယ်။ ရောက်တော့ လူတွေက ပြေးဖို့ လုပ်နေပါတယ်။ ဒါပေမယ့် သူတို့က မင်းတို့ မပြေးနဲ့၊ ငါတို့ မင်းတို့ကို တာဝန်ယူတယ်လို့ ပြောပါတယ်။ နောက်ဆုံးတော့ အာရက္ခတပ်တော်ကလည်း အသံချဲ့စက်နဲ့‌ ခေါ်ပါတယ်။ မိတ်ဆွေတို့ လာကြပါ။ ဒီမှာ တိုက်ပွဲ ဖြစ်တော့မယ်ဆိုပြီး ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အာရက္ခတပ်တော်ဆီကို သွားကြပါတယ်” ဟု ဆွေယော်နော်ဘီက ကြုံတွေ့ခဲ့ရသည်ကို ဆိုသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင် တိုက်ပွဲဖြစ်ပွားချိန်တွင် ကျေးရွာအတွင်း၌ ကျေးရွာသားများ မရှိတော့ဘဲ အားလုံးနီးပါးမှာ ကျေးရွာအနောက်ဘက်ရှိ ဦးလှဖေကျေးရွာသို့ ရောက်ရှိသွားပြီးဖြစ်သည်ဟု ထန်းရှောက်ခံကျေးရွာတွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အာနော်ဆာတိုက်က ဆိုသည်။
”ဗမာစစ်သားတွေက ရွာထဲကို ဝင်လာတော့ ကျနော်တို့ ကြောက်ပြီး ထွက်ကြပါတယ်။ အကုန်လုံးက ထွက်သွားပါတယ်။ သူတို့က ကျွန်တော်တို့နဲ့ ပေါင်းပြီး နေဖို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာတော့ ကျနော်တို့ သူတို့ ဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့ အကုန်လုံးက ဦးလှဖေရွာကို ရောက်သွားပါပြီ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် စကခ ၁၅ ကျဆုံးခဲ့သည့်အတွက် တပ်မ ၅၅ နှင့် ပူးပေါင်းကာ ထန်းရှောက်ခံကျေးရွာသို့ ဆုတ်ခွာလာသည့်အချိန်တွင် ကျေးရွာသားများရှိနေသော်လည်း တိုက်ပွဲမဖြစ်မီ မေလ ၂ ရက်ကတည်းကပင် ရွာသားများမှာ ထွက်ပြေးသွားပြီးဖြစ်သည်ဟု လက်နက်ချအညံ့ခံခဲ့သူ စကခ ၁၅ မှ ဒုစကမှုး တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီး ကောင်းမြတ်က ဆိုသည်။
ဗိုလ်မှူးကြီး ကောင်းမြတ်မှာ ဘူးသီးတောင်၊ ထန်းရှောက်ခံတိုက်ပွဲ အတွင်းတွင် အာရက္ခတပ်တော်ထံ၌ မေလ ၃ ရက်က လက်နက်ချ အဖမ်းခံခဲ့သူ ဖြစ်သည်။
”ဆုတ်ခွာတဲ့ အချိန်မှာ ကျနော်တို့ တပ်မနဲ့ ခမရ ၅၅၁ ကြားမှာ ထန်းရှောက်ခံကျေးရွာရှိပါတယ်။ အဲဒီရွာကို ရောက်တဲ့အချိန်မှာ တပ်မ ၂၂ ရဲ့ တပ်အချို့ အင်းအား ၅၀ လောက်ကို အဲဒီရွာမှာ ခန့်ခွဲပြီး နေရာချထားပါတယ်။ အဲလို ချထားပြီးအချိန်မှာ ရွာသားအများစုကတော့ မရှိတော့ပါဘူး။ ရွာသားတွေက သူတို့သဘောနဲ့သူတို့ အထုတ်တွေ အပိုးတွေ ယူပြီး သူတို့ မနေရဲတော့ဘူးဆိုပြီး နီးစပ်ရာ ရွာတွေဘက်ကို ထွက်သွားပါတယ်။ ကျနော်တို့ တပ်တွေ နေရာချပြီးတဲ့အခါမှာ ရွာသားတွေက မရှိတော့ပါဘူး” ဟု ၎င်းက အတည်ပြုပြောသည်။
ထန်းရှောက်ခံကျေးရွာတွင် ရိုဟင်ဂျာ ၆၀၀ ကျော်အား အာရက္ခတပ်တော်မှ သတ်ဖြတ်ခဲ့သည်ဟုဆိုကာ Fortify Rights က ထုတ်ပြန်ထားသည်။
သို့သော် ထန်းရှောက်ခံကျေးရွာတွင် ယခင်က အိမ်ထောင်စု ၈၆ စု ရှိပြီး လူဦးရေ ၉၃၃ ဦး ရှိကာ လက်ရှိတွင် လူဦးရေ ၇၈၇ ဦး ရှိသည်ဟု ဆိုသည်။
လျော့နည်းသွားသည့် ကျေးရွာသားများသည် မလေးရှား၊ ဘဂ်လားဒေ့ရှ်သို့ ထွက်ပြေးသွားကြသည်ဟုလည်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများက ဆိုကြသည်။
အာရက္ခတပ်တော်အနေဖြင့် လက်ရှိတွင် ထန်းရှောက်ခံကျေးရွာသားများကို ဦးလှဖေကျေးရွာ၌ ပြန်လည်နေရာချထားကြောင်း သိရသည်။ ထို့အပြင် နီးစပ်ရာ မူဆလင်ဆွေမျိုးများ ရှိသည့် အနီးအနား ရွာများတွင် နေထိုင်နေကြသူများလည်း ရှိသည်ဟု ထန်းရှောက်ခံ ကျေးရွာသားများထံမှ သိရသည်။
#ထန်းရှောက်ခံ #သေဆုံးမှုမရှိ #မူဆလင် #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleNUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်
Next Article DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
thanlwinkhet
  • Website

Related Posts

နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ

August 23, 2025

AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်

August 23, 2025

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

August 23, 2025

Leave A Reply Cancel Reply

Recent Posts

  • နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ
  • AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်
  • DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
  • ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
  • NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ

AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ

August 23, 2025

AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်

August 23, 2025

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

August 23, 2025

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

August 23, 2025

NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်

August 23, 2025

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

August 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.