စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ မိုးကောင်းဘုန်းတော်ကြီးကျောင်းအား ယနေ့ နေ့လယ် ၁နာရီ၃၂ မိနစ်အချိန်တွင် အာဏာသိမ်းစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကြောင်း ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကိုရင်ကြီးတစ်ပါး၊ ကပ္ပိယ နှစ်ဦးနှင့် ပြည်သူ နှစ်ဦး၊ စုစုပေါင်း ၅ သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
ထိုအပြင် ဒဏ်ရာရရှိသူများရှိနေပြီး နောက်ဆက်တွဲအခြေအနေအား သံလွင်ခက်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။
ဓါတ်ပုံ – လေကြောင်းတိုက်ခိုက်ခံရသော မိုးကောင်းဘုန်းတော်ကြီးကျောင်း(ဒီပဲယင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)