စစ်ကောင်စီ၏ လှည့်ကင်းများနှင့် လုံခြုံရေး အထပ်ထပ် ချထားသည့် ရန်ကုန်မြို့၏ အထင်ကရနေရာများတွင် “၈” သင်္ကေတစာလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန် ညီနောင် လေးဖွဲ့နှင့် ရန်ကုန်မြို့နေပြည်သူများပူပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်ဟု သိရသည်။
“၈၈၈၈” လူထု လှုပ်ရှားမှုမှသည် လက်ရှိနွေဦးတော်လှန်ရေးကာလအထိ ၃၇ နှစ်မြောက်သည့် တိုင်အောင် စစ်ခေါင်းဆောင်များ၏ တိုက်ခိုက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးခဲ့ ရနေဆဲဖြစ်ပြီး နေ့ရပ်စွန့်ခွာ ထွက်ပြေးသူများလည်း မြင့်တက်နေဆဲဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ခေါင်းဆောင်များ၏ အာဏာတည်မြဲရေးအတွက် ပြည်သူများအား ရန်သူသကဲ့သို့ တိုက်ခိုက်သတ်ဖြတ်နေသည့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်ကြရန် ရန်ကုန်လူထုသပိတ်နှင့် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့မှ တိုက်တွန်းထားသည်။
#ရန်ကုန် #ထီးသပိတ် #၈၈၈၈အရေးတော်ပုံ #ThanLwinKhetNews




