ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျင်စန်းကျော့နှင့် တရုတ်နယ်စပ်တစ်နေရာ၌ အာရက္ခတပ်တော် -AA (မီးနဂါးစစ်ဒေသ) မှ ဖမ်းဆီးထိန်းသိမ်းထားသော ကျားဖြန့်အလုပ်လုပ်ကိုင်သည့် ဝန်ထမ်းများအား တရုတ်နိုင်ငံ၊ ရဲဌာနသို့ ယနေ့ တရားဝင်လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ယနေ့ ဩဂုတ်လ ၆ ရက်၊ မနက် ၁၀ နာရီခွဲခန့်တွင် ကျားဖြန့်အလုပ်ရုံမှ တရုတ်နိုင်ငံသားဝန်ထမ်း ၁၁ ဦးအား အေအေ (မီးနဂါးစစ်ဒေသ) ရဲဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို ကျားဖြန့်လုပ်သားများအား ၂၀၂၅ ဇူလိုင်လ (၂၇) နေ့တွင် ရှမ်းမြောက်နယ်စပ်၏တောတွင်းတစ်နေရာ၌ အာရက္ခတပ်တော်(မီးနဂါးစစ်ဒေသ)မှ ကင်းလှည့်နေစဉ်အတွင်းဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရဲဌာန လက်ထောက်ညွှန်ကြားရေးမှူး Li Zheng Chang ဦးဆောင်သော ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူထံမှသိရသည်။
ဓာတ်ပုံ-သံလွင်ခက်
#ကျားဖြန့် #အာရက္ခတပ်တော် #တရုတ် #ThanLwinKhetNews


